ရှောင်းကျန့်တစ်ယောက် ဒီတိုက်ခန်းကို ငှားတုန်းက ကပြာကသီ လုပ်ခဲ့ရတာဖြစ်တယ်။ အရင်အိမ်အဟောင်းမှာ အငှားစာချုပ်ပြည့်သွားတဲ့အခါ အိမ်ပိုင်ရှင်က ရောင်းတော့မယ်ဆိုလို့ စာချုပ်အသစ် ထပ်မချုပ်လိုက်ရဘူး။
အဲ့တိုက်ခန်းက တော်တော်ကောင်းတယ်လို့ ပြောရမယ်။ ပတ်ဝန်းကျင်အနေအထားကလည်း အခု ဒီတိုက်ခန်းထက် အများကြီး ပိုကောင်းတယ်။ အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုရဲ့ ကြော်ငြာမှုကြောင့် အဲ့တုန်းက မြစ်ဘက်ကို မျက်နှာမူတဲ့ တိုက်ခန်းကို ငှားခဲ့တယ်။
အခု သူနေတဲ့ ဒီတိုက်ခန်းကတော့ နည်းနည်းအိုဟောင်းနေပြီဖြစ်သလို တစ်ထပ်မှာ တိုက်ခန်း ၄ ခန်းစီပါတယ်။ ပြီးတော့ မြို့ဟောင်းနဲ့လည်း နီးတယ်။ စာသင်ကျောင်းရှိတယ်။ စူပါမားကတ်ရှိတယ်။ တခြား တိုက်ခန်းအဆောက်အဦးတွေနဲ့စာရင် လူအနေအထိုင် ပိုများတယ်လို့ ပြောရမှာပေါ့။
သူတို့နှစ်ယောက် ဓါတ်လှေကားရှေ့မှာ ရပ်စောင့်နေကြတယ်။ ဓါတ်လှေကားက ၂ ခုရှိပေမယ့် တစ်ခုက ပျက်နေတာမို့ အရှေ့မှာ ပြင်ဆင်လက်စ ဆိုင်းဘုတ်ထောင်ထားတယ်။ ရှောင်းကျန့်က ဓါတ်လှေကား ၂ ခုရဲ့ကြား နေရာမှာ ရပ်နေတာဖြစ်တယ်။ ဝမ်ရိပေါ်က သူ့ဘေးမှာ ခရီးဆောင်အိတ်ကို ဆွဲလျက်သား ရပ်နေတယ်။ ခရီးဆောင်အိတ်အပေါ်မှာတော့ မိုးရေတွေ စိုစွတ်နေတယ်။ မဖြုတ်ရသေးတဲ့ လေကြောင်းလိုင်း tag ဟာ ဘေးမှာ တွဲလောင်းကျနေလျက်ရှိတယ်။
နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ဘူး။ ရှောင်းကျန့်လည်း ဘာပြောရမှန်း မသိဘူး။ စောစောက ကားထဲမှာ ဝမ်ရိပေါ်က အဲ့မေးခွန်းကို မေးလာတဲ့အခါ သူ မသိလိုက်ခင်မှာပဲ သူ့ပါးစပ်က အဲ့စကား ထွက်သွားခဲ့တာဖြစ်တယ်။
“မင်း ငါနဲ့ နေလို့ရတယ်လေ”
ဒီစကားက နည်းနည်း ပြဿနာရှိတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ပါးစပ်ကနေ ဒီလိုစကားမျိုးပြောခြင်းဟာ တဖက်လူအတွက် တခြားအဓိပ္ပါယ်ကောက်လို့ရသွားနိုင်တယ်။
ရှောင်းကျန့်လည်း သူ့သိက္ခာကို ထိန်းချင်တာပါပဲ။ အစက သူ တခြားဟာတွေ ဘာမှမပြောချင်ခဲ့ဘူး။ ဒါပေမယ့် အဲ့စကားပြောပြီးတဲ့နောက်မှာတော့ နောက်ထပ်စကားတစ်ခွန်းကိုပါ ထပ်ပြောဖြစ်လိုက်တယ်။
![](https://img.wattpad.com/cover/247692052-288-k253916.jpg)
ESTÁS LEYENDO
မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||