Chapter 9 (Unicode)

11K 1.2K 165
                                    

ဟိုက်ဝေးလမ်းမပေါ် ကားပြန်ရောက်တဲ့အခါမှာတော့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ တစ်ယောက်နဲ့တစ်ယောက် တိတ်တိတ်လေး နားလည်လိုက်ကြတယ်။

နှစ်ဦးနှစ်ဘက် စိတ်ပြေလက်ပျောက်ရှိစေမယ့် ဖြေရှင်းချက်တစ်ခုအနေနဲ့ ရှောင်းကျန့် လုပ်လိုက်တဲ့အရာကတော့ စကားလွှဲခြင်းပါပဲ။

ဝမ်ရိပေါ်တစ်ယောက် တရုတ်ပြန်ရောက်ပြီး အလုပ်ရှာနေတဲ့အကြောင်းတွေ၊ မိသားစုရဲ့ စီးပွါးရေးအကြောင်းတွေဘက် စကားလွှဲပစ်လိုက်တယ်။

“အလုပ်ရှာရတာခက်တယ် နိုင်ငံခြားက ရလာတဲ့ ဘွဲ့လေးတစ်ခုနဲ့လည်း မလုံလောက်သေးဘူး”

ဝမ်ရိပေါ်က ကားမောင်းနေရင်း သူ့ကိုယ်သူ အားမရတဲ့ပုံနဲ့ ပြောလိုက်ခြင်းဖြစ်တယ်။

နှစ်ယောက်ကြားက ရှိုးတို့ရှန်းတမ်းနိုင်မှုတွေ၊ ကြောင်အမ်းအမ်းဖြစ်မှုတွေဟာ ကားထဲက ဆေးလိပ်ငွေ့တွေလို လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားတယ်။

“အမှန်ပဲ တကယ်မလုံလောက်ဘူး”

ရှောင်းကျန့်လည်း တရုတ်ကို ပြန်ရောက်ပြီးနောက်ပိုင်း အလုပ်ရဖို့ တော်တော်လုံးပန်းခဲ့ရတာမလား။ ကံကောင်းတာက သူက ရုပ်ရည်ရှိတယ်။ သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှက ယဉ်ယဉ်ကျေးကျေးနဲ့ အမူအကျင့်ကောင်းတယ်။ နိုင်ငံခြားမှာ Hotel Management နဲ့ ပတ်သက်တာကို သင်ယူလာခဲ့တာဆိုတော့ Marriott International ကို လွယ်လွယ်ကူကူပဲ ဝင်ခွင့်ရသွားတယ်။

“ဆိုင်တဆိုင်ဖွင့်ရ ကောင်းမလားပဲ”

ဝမ်ရိပေါ်ပြောအပြီးမှာ Navigation system က သူတို့ ရောက်ခါနီးပြီဖြစ်ကြောင်း အချက်ပေးလာတယ်။

“ဘယ်လိုဆိုင်မျိုးလဲ?”

“စားသောက်ဆိုင်ဖြစ်မယ်”

ရှောင်းကျန့်က ဆက်မေးမလို့ပါပဲ။ ဒါပေမယ့် အပြင်က မြင်ကွင်းက ရင်းနှီးလာသလိုခံစားချက်နဲ့အတူ အိမ်ရောက်ခါနီးပြီဆိုတာ သိလိုက်ရတယ်။

ဝမ်ရိပေါ်က အဆုံးသတ်ခရီးအနေနဲ့ Navigation system ထဲမှာ ရိုက်ထည့်ထားတာက ရှောင်းကျန့်အိမ်ဖြစ်ပြီး ရှောင်းကျန့်ကို အရင် ပြန်ပို့ပြီးမှ သူ ပြန်ဖို့ စီစဉ်ထားတာဖြစ်တယ်။ ကားနောက်ခန်းထဲမှာတော့ ရှောင်းကျန့်အတွက် လောင်ရှီရဲ့ မိဘတွေ ထည့်ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းတွေ ပြည့်နေတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now