"Kavin ဆိုတာမင်းလား"
ဧည့်ခန်းတွင်းသို့ဝင်လာတဲ့အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး။အရပ်ခပ်မြင့်မြင့်၊မျက်နှာထားတင်းတင်းနဲ့ထိုအမျိုးသမီးကဘယ်သူလဲဆိုတာ Kavin မသိပါ။တွန့်ချိုးထားတဲ့မျက်ခုံးနက်တွေကတော့တစ်စုံတစ်ယောက်နဲ့တူနေသည်။အပြာရောင်blouseအက်ျီကိုအနက်တောင်ဒူးဖုံးတဲ့စကတ်နဲ့လိုက်ဖက်စွာဝတ်ဆင်ထားသည်။လက်ကိုင်အိတ်ကိုတံတောင်ဆစ်ကွေးနားမှာချိတ်ဆွဲထားကာစူးရှတဲ့အကြည့်တွေကရန်လိုမှုတွေပါဝင်နေသည်။ထိုအမျိုးသမီးကတော်ရုံအဆင့်အတန်းထဲကမဟုတ်မှန်းတော့Kavinသိသည်။ပြတ်သားပြီးသြရှတဲ့သူမအသံကြောင့်ဧည့်ခန်းထဲမှာသတင်းစာဖတ်နေတဲ့ Kavin အဖေရော၊ပစ္စည်းစားရင်းတွေစစ်နေတဲ့အမေပါထိုအမျိုးသမီးကိုကြည့်မိသည်။Kavin လည်းလုပ်လက်စအလုပ်တွေကိုလက်စသတ်ရင်းမှ
"ဟုတ်ပါတယ် အန်တီကဘယ်သူပါလဲ"
"Thyme အမေ"
"ဗျာ"
"မင်းငါ့သားကိုကိုယ်ထိလက်ရောက်စော်ကားလိုက်တဲ့အတွက်မကျေနပ်လို့လာပြောတာ"
"ဒါကတော့အန်တီသားဘက်ကအရင်စတဲ့ကိစ္စလေ"
"ငါ့သားကိုငါတို့ကလက်နဲ့တောင်မရွယ်ဖူးဘူး မင်းကရာရာစစရိုက်ရဲတယ်ပေါ့"
"အဲ့လောက်ထိကျွန်တော်မရည်ရွယ်ခဲ့ပေ
မယ့် Thyme ဘက်ကလွန်လာလို့ဖြစ်သွားတာပါအန်တီ""နေပါဦး မသိလို့မေးရဦးမယ် မင်းကဘာကြောင့်ငါ့သားကိုလက်မခံနိုင်ရတာလဲပြောပါဦး ငါ့သားမှာဘာချို့ယွင်းချက်များရှိလို့မင်းကငြင်းရတာလဲ"
"Thyme ကကျွန်တော့်အတွက်တော့လက်ခံဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့သူပဲ"
"Kavinမင်းသိထားဖို့ကငါတို့ကမင်းကိုလေငွေနဲ့ပေါက်ပြီးဝယ်လိုက်လို့ရတယ် မင်းမှမဟုတ်ဘူးမင်းတို့တစ်မျိုးလုံးကိုဝယ်လိုက်လို့ရတယ်"
"ဒီကအမကြီးစကားကိုဆင်ခြင်ပြောပါ ကျွန်မတို့ကအဆင့်အတန်းမဲ့တဲ့လူတွေမဟုတ်ဘူး လူငယ်ချင်းကိစ္စမိို့လို့ဝင်မပါချင်ပေမယ့်စကားကိုတစ်ဖတ်သတ်မပြောပါနဲ့"
YOU ARE READING
"အမုန်းကာရံသောချစ်ခြင်း"
Fanfiction*ပထမဆုံးတွေ့ဆုံခြင်းမှာအမုန်းတရားတို့စတင်ခဲ့တဲ့ Thymeနဲ့Kavin ဆိုတဲ့ကောင်လေးနှစ်ယောက်။ *Kavin ကိုစိတ်အနှောင်အယှက်ဖြစ်အောင်လုပ်ရင်း Thyme တစ်ယာက် Kavin ကိုချစ်မိသွားတဲ့အခါ... *Kavin အချစ်ကိုပြန်ရဖို့ဘယ်လိုတွေချဥ်းကပ်မလဲ? *အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...