"Kavin သားဒိီနေ့အလုပ်မသွားရဘူးလား"
"မသွားဘူးမား အိမ်မှာပဲဒီဇိုင်းဆွဲမလို့"
"အော်...အေး သား ဟိုမှာသားဖော(အဖေ)လည်းလာပြီမားတို့သွားတော့မယ်"
"kha...ဖောနဲ့မား အလုပ်မှာအဆင်ပြေပါစေ"
"ကောင်းပြီ သား"
ဖောနဲ့မားတို့အလုပ်သွားဖို့ကားလေးတွေအလျှိုလျှိုထွက်သွားတဲ့ထိကြည့်နေပြီးမှ
ဧည့်ခန်းဘက်ဆီပြန်ဝင်လာခဲ့သည်။
ကိုယ့်အလုပ်တွေထဲစိတ်မနှစ်ခင်ကျေရမဲ့တာဝန်လေးကBiBiဆီဖုန်းဆက်ပြီးမနက်ခင်းနှုတ်ဆက်စကားပြောဖို့။"ဟဲလို ချစ်နိုးပြီလား"
"နိုးပြီပေါ့ကိုရယ်"
"ဒီနေ့သင်တန်းရှိလား"
"ရှိတယ် ကို"
"ကိုယ်လိုက်ပို့ပေးရမလား"
"နေပါစေကိုရယ် ကိုလည်းအလုပ်တွေရှိနေတယ်ဆို အလုပ်ကိုပဲအာရုံစိုက်လိုက်ပါ BiBiကိုdaddyလိုက်ပို့ပေးလိမ့်မယ်"
"ကို့ကောင်မလေးကသိပ်လိမ္မာတာပဲ အရမ်းလည်းသိတတ်တယ်အဲ့ဒါကြောင့်ကိုကချစ်နေရတာ"
"ကိုကတော့ပိုပြီ BiBiလည်းချစ်ပါတယ်နော်"
"အင်း မနက်ဖြန်ဘာနေ့လည်းသိလား"
"မနက်ဖြန်?"
"မေ့နေပြန်ပြီလား မနက်ဖြန်ကိုတို့ရဲ့1year and 6 months anniversary day လေ"
"ချစ်မမေ့ပါဘူး ကိုရောသတိရရဲ့လားသိချင်လို့စမ်းကြည့်တာ ဟီး ဟီး"
"ဟုတ်ပါပြီ မနက်ဖြန်ကိုတို့ anniversary လုပ်နေကျနေရာလေးမှာဆုံကြမယ်နော်"
"ဟုတ် ကို"
"ချစ်တယ်"
"အတူတူပါပဲ"
"Bye Bye"
"ဟုတ်"
မနက်ခင်းရဲ့ကြည်နူးစရာအခိုက်အတန့်လေးတွေကြောင့် Kavin ပြုံးလိုက်မိသည်။
"ဒီအခန်းထဲမှာအချစ်ငှက်လေးတွေပျံနေကြပါလား"
ဒိီအသံပိုင်ရှင်ကKavinမမှတ်မိစရာအကြောင်းမရှိတဲ့ဟိုလူယုတ်မာရဲ့အသံ။
Kavinနောက်လှည့်ကြည့်လိုက်တော့ဧည့်ခန်းအဝင်ဝမှာလက်ပိုက်ကာမှီရပ်နေတဲ့Thyme။Kavinကိုစူးရှတဲ့မျက်ဝန်းတို့နဲ့စိုက်ကြည့်နေသည်။
YOU ARE READING
"အမုန်းကာရံသောချစ်ခြင်း"
Fanfiction*ပထမဆုံးတွေ့ဆုံခြင်းမှာအမုန်းတရားတို့စတင်ခဲ့တဲ့ Thymeနဲ့Kavin ဆိုတဲ့ကောင်လေးနှစ်ယောက်။ *Kavin ကိုစိတ်အနှောင်အယှက်ဖြစ်အောင်လုပ်ရင်း Thyme တစ်ယာက် Kavin ကိုချစ်မိသွားတဲ့အခါ... *Kavin အချစ်ကိုပြန်ရဖို့ဘယ်လိုတွေချဥ်းကပ်မလဲ? *အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...