ရေချိုးခန်းထဲကကိုယ်လုံးပေါ်မှန်ထက်မှာထင်ဟပ်နေတဲ့Kavinခန္ဓာကိုယ်ကိုပြန်
ကြည့်နေမိသည်။ဘယ်ဘက်ပုခုံးထက်ကအမာရွတ်ဟောင်းကတွေ့ဆုံခြင်းရဲ့အစဆိုရင်လောလောလတ်လတ်ရလာတဲ့အမှတ်အသားတွေကတော့အဆုံးသတ်သာဖြစ်လိမ့်မည်။အနည်းငယ်ရောင်ကာပေါက်ပြဲနေတဲ့အောက်နှုတ်ခမ်းထောင့်ဆီလက်နဲ့ခပ်ဖွဖွတို့ထိရင်း....."ဟူး...ငါဘာတွေလုပ်မိပါလိမ့် ငါ့လုပ်ရပ်တွေမှားသွားပြီလား???"
ဘာပဲဖြစ်ဖြစ်Thymeနဲ့ပတ်သတ်မှုကိုအဆုံးသတ်နိုင်ခဲ့သည်။
ဒီနေ့ကပျော်ရွှင်ခြင်းတွေနဲ့ပြည့်နေတဲ့နေ့လေးဖြစ်စေချင်သည်။
Bi Biနဲ့အတူuniversityလေးကိုအမှတ်တရလေးနဲ့ဖြတ်သန်းချင်သည်။
Kavinခါတိုင်းနေ့တွေထပ်ပိုကြည့်ကောင်းအောင်ပြင်ဆင်ပြီးကားလေးမောင်းထွက်ခဲ့သည်။
ပန်းအလှဆင်ဆိုင်မှာကြိုမှာထားတဲ့ပန်းစီးလှလှလေးကိုဝင်ယူလိုက်သည်။
Cardလေးမှာ "Happy 1year and 6 months anniversary present for my girl" ဆိုပြီးရေးကာချိတ်ဆွဲလိုက်သည်။"လှလိုက်တဲ့ပန်းစည်းလေးကွာBiBiတွေ့ရင်ပျော်သွားမှာသေချာတယ်"
ပန်းပွင့်လေးလိုလှတဲ့BiBiကပန်းလေးတွေကိုလည်းချစ်သတဲ့လေ...
BiBiကိုတွေ့ရင်ပန်းစည်းလှလှလေးအရင်ပေးမည်။ပြီးရင်... ကားနောက်ဖုံးနားခေါ်သွားမည်။ကားနောက်ဖုံးလေးဖွင့်လိုက်ရင်ပူဖောင်းလေးတွေပျံတက်သွားမည်။BiBiကပူဖောင်းလေးတွေကိုတအံ့တသြငေးကြည့်ကာပျော်နေမှာသေချာသည်။ခေါင်းလေးပြန်ငုံလာတဲ့အခါ
"Love you forever"ဆိုတဲ့နှင်းဆီပွင့်ဖတ်လေးတွေချွေပြီးပုံဖော်ထားတဲ့စာတန်းလေးကိုတွေ့မည်။ပြီးရင်BiBiလိုချင်နေတဲ့ limited edition pencil heelsလေးကို suprise gift အဖြစ်ပေးမည်။ဖိနပ်လေးလက်ဆောင်ပေးတဲ့စိတ်ကူးလေးကKavinနဲ့အတူအနာဂတ်ကိုလက်တွဲမပြတ်လျှောက်လှမ်းလိုတဲ့ရည်ရွယ်ချက်တွေနဲ့လေ။နှစ်ယောက်ဆင်တူဝတ်ဖို့
သီးသန့်ပုံဖော်ထားတဲ့လက်စွပ်လေးနဲ့လည်းsupriseလုပ်မည်။
ချစ်စကားလေးတွေပြောရင်းအနမ်းလေးတွေချွေမည်။
Kavinကားမောင်းလာရင်းစိတ်ကူးလှလှလေးတွေယဥ်လာခဲ့သည်။
BiBiနဲ့ချိန်းထားတဲ့နေရာလေးရောက်သည်နှင့်ကြည်နူးစိတ်တို့နှင့်အတူရင်ခုန်သံလေးတွေကတဒိန်းဒိန်း။
BiBiဆိုတဲ့ကောင်မလေးကKavinအတွက်တော့လောကနတ်ဖုရားမလေး။
ချစ်ခြင်းရဲ့သက်ေတဖြစ်တဲ့ပန်းရောင်ဂါဝန်လေးကဖြူလွှလွှအသားအရေနဲ့လိုက်ဖက်လွန်းနေသည်။
Kavinပန်းစည်းလေးကိုကျောနောက်မှာ
ဖွက်ကိုင်ရင်းBiBiဆီလျှောက်သွားလိုက်သည်။
ESTÁS LEYENDO
"အမုန်းကာရံသောချစ်ခြင်း"
Fanfic*ပထမဆုံးတွေ့ဆုံခြင်းမှာအမုန်းတရားတို့စတင်ခဲ့တဲ့ Thymeနဲ့Kavin ဆိုတဲ့ကောင်လေးနှစ်ယောက်။ *Kavin ကိုစိတ်အနှောင်အယှက်ဖြစ်အောင်လုပ်ရင်း Thyme တစ်ယာက် Kavin ကိုချစ်မိသွားတဲ့အခါ... *Kavin အချစ်ကိုပြန်ရဖို့ဘယ်လိုတွေချဥ်းကပ်မလဲ? *အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...