"Welcome back my son"
အမေရိကားမှပြန်လာတဲ့သားဖြစ်သူကိုဖက်ပြီးကြိုဆိုလိုက်တဲ့ daddy Jackson။
Jackson ဟာ ဟိုတယ်၊စားသောက်ဆိုင်၊Bar၊KTV၊Night club စတဲ့လုပ်ငန်းများစွာကိုတည်ထောင်ထားပြီးနောက်ကွယ်မှာလဲဥပဒေနဲ့မလွတ်ကင်းတဲ့လောင်းကစားဝိုင်း၊မူးယစ်ဆေးအရောင်းအဝယ်၊မှောင်ခိုလုပ်ငန်းတွေကိုပါလုပ်ကိုင်နေတဲ့မှောင်ခိုဘုရင်တစ်ဆူလည်းဖြစ်သည်။
ဥပဒေမဲ့၊လောင်းကစားဝိုင်း၊မူးယစ်ဆေး၊မှောင်ခို...ဒါဆိုအဖမ်းမခံရဘူးလား?
ဥပဒေဆိုတာလည်းမီးများမီးနိုင်၊ရေများရေနိုင်သဘောမဟုတ်လား...။
ဘယ်ရဲအရာရှိမှ Jackson ဆိုသောမှောင်ခိုဘုရင်ကိုမဖမ်းရဲသလိုသူ့နဲ့သက်ဆိုင်သောဘယ်အရာကိုမဆိုမျက်စောင်းပင်မထိုးရဲသလောက်ကြောက်ကြသည်။
အကြောင်းမှာ Jackson ရဲ့လုပ်ငန်းတွေကိုနှောင့်ယှက်တဲ့ဘယ်သူမဆိုမရှုမလှသေဆုံးကြရတာချည်းပင်။
Jackson လက်အောက်တွင်ကြေးစားလူမိုက်၊ဂိုဏ်းစတားတွေကသူသေဆိုသေ၊သူရှင်ဆိုရှင်မည့််တပည့်သားတွေအပြည့်။"Daddy ကတော့အရင်လိုနုပျိုနေတုန်းပဲ"
"စိတ်ပျိုရင်ကိုယ်နုတယ်လေ my son"
"ဟား ဟား ဟား ok ok''
"သားလေးလမ်းခရီးမှာအဆင်ပြေရဲ့လား"
"သိပ်ပြေတာပေါ့ mommy"
mommyကိုထွေးဖက်လိုက်ရင်းနှုတ်ဆက်လိုက်သည်။
"ကိုကြီး......"
"oh...baby Nicky"
Thymeကိုတွေ့တာနဲ့ပြေးပြီးဖက်ကာကလေးလေးလိုခါးကိုခြေထောက်တွေနဲ့ပါခွထားတဲ့ညီမလေး။
"အရင်လိုကလေးဆန်တုန်းပဲnic"
"ဟီး အိမ်မှာတော့ကလေးပဲလေ"
"ဟား..ဟား...ရည်စားတွေနဲ့လျှောက်dateမနေနဲ့စာလည်းကြိုးစားဦး"
"nic သိပါတယ်"
"my sonပြန်ရောက်ပြီဆိုတော့အေးဆေးနားလေ"
"အေးဆေးတော့နားလို့မရဘူး daddy ဘော်ဒါတွေနဲ့ချိန်းပွဲရှိတယ်"
"my sonအမေရိကားမှာကဲလို့မဝခဲ့ဘူးလား"
"feelမတူဘူးလေdaddy"

YOU ARE READING
"အမုန်းကာရံသောချစ်ခြင်း"
Fanfiction*ပထမဆုံးတွေ့ဆုံခြင်းမှာအမုန်းတရားတို့စတင်ခဲ့တဲ့ Thymeနဲ့Kavin ဆိုတဲ့ကောင်လေးနှစ်ယောက်။ *Kavin ကိုစိတ်အနှောင်အယှက်ဖြစ်အောင်လုပ်ရင်း Thyme တစ်ယာက် Kavin ကိုချစ်မိသွားတဲ့အခါ... *Kavin အချစ်ကိုပြန်ရဖို့ဘယ်လိုတွေချဥ်းကပ်မလဲ? *အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...