"Kavinငါငွေလိုနေတယ်"
"လောင်းကစားတွေလုပ်နေပြန်ပြီလားအစ်ကိုkit"
"လျှာမရှည်နဲ့ငါငွေလိုနေတယ်မင်းပေးမလားအမေ့ဆီသွားတောင်းရမလား"
"မလုပ်ပါနဲ့အစ်ကိုကျွန်တော်ပေးပါ့မယ်
အမေ့ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့""အဲ့ဒါဆိုမြန်မြန်ပေးငါမှာအချိန်မရှိဘူး"
"ဘယ်လောက်လိုတာလဲအစ်ကိုkit"
"5သိန်း"
"5သိန်းတောင်!!! အဲ့လောက်တော့ကျွန်တော့်ဆီမှာမရှိဘူးအစ်ကို လစာလည်းမထုတ်သေးဘူးလေ"
"ဟာ...ငါအရေးတကြီးလိုနေတာကွ မရရင်လည်းရှိသလောက်ပေးကွာ"
"ဟုတ် ဒီမှာ၃သိန်းတော့ရှိတယ်"
"ပေး ငါဂျင်ဝိုင်းကနိုင်ရင်ပြန်ပေးမယ်"
"အစ်ကိုအဲ့ဒီ့လောင်းကစားတွေမစွန့်လွှတ်သေးဘူးလားဗျာ အမေလည်းအစ်ကိုရှုပ်သမျှလိုက်ရှင်းနေရတာငွေတွေအရမ်းကုန်နေပြီ"
"Kavin မင်းပါးစပ်ပိတ်ထား ငါ့ကိုတရားပြဖို့မကြိုးစားနဲ့ အငယ်ကအငယ်လိုနေ"
Kavinဘာမှမပြောလိုတော့။ပိုက်ဆံယူပြီးထွက်သွားတဲ့အစ်ကိုဖြစ်သူရဲ့ကျောပြင်ကိုသာငေးကြည့်ရင်းအတွေးပင်လယ်ဝေမိသည်။
kitသည်kavinထက်၃နှစ်ကြီးသည်။ငယ်ငယ်တည်းကဆိုးသည်။သူလုပ်ချင်တာသူလုပ်ပြီဆိုဘယ်သူမှတားမရ။kitသည်အရက်နှင့်မိန်းမကိစ္စကင်းရှင်းသော်လည်းလောင်းကစားတော့အလွန်ခုံမင်သည်။kavinအဖေသည်စားသောက်ကုန်ဖြန့်ဖြူးသည့်လုပ်ငန်းတစ်ခုကိုဦးစီးလုပ်ကိုင်ပြီး
အမေသည်ပိုးထည်လုပ်ငန်းလုပ်ကိုင်သည်။လျှန်းလျှန်းတောက်သူဌေးစာရင်းမဝင်သော်လည်းkavinတို့မိသားစုသည်အတော်အသင့်တော့ပြည့်စုံသည်။kitနဲ့kavinသည်ညီအစ်ကိုဖြစ်သော်လည်းစရိုက်ချင်းကွာခြားသည်။kitသည်ကျောင်းလည်းပြီးအောင်မတတ်သလိုအလုပ်အကိုင်လည်းမရှိ။မိုးလင်းမိုးချုပ်အလောင်းကစားနှင့်သာအချိန်ကုန်တတ်သည်။ပိုက်ဆံလိုသည့်အချိန်မှသာအိမ်ကိုပြန်လာတတ်သည်။လိုတာမရရင်လည်းပြဿနာရှာပြီးသောင်းကျန်းတတ်သည်။အဖေနဲ့လည်းပြဿနာခဏခဏတတ်ပြီးပြောမနိုင်တဲ့အဆုံးလုပ်ချင်တာလုပ်ဆိုပြီးလွှတ်ထားလိုက်ကြသည်။အမေမှာလည်းအစ်ကိုkitချေးထားတာအကြွေးတွေ၊လောင်းကစားကြွေးတွေကိုနောက်ကလိုက်ရှင်းရသည်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိပေမယ့်လည်းအစ်ကိုဖြစ်သူကြောင့်ပလိုင်းပေါက်နဲ့ဖားကောက်ရသလိုပင်အဖက်မတင်။kavinသည်အဆောက်အဦးဒီဇိုင်းဆွဲသူဖြစ်သည်။လစာကောင်းတဲ့အလုပ်ဖြစ်သော်လည်းရတဲ့လစာတစ်ဝက်လောက်ကိုအစ်ကိုဖြစ်သူကဒိုင်ခံဖြုန်းပစ်သည်။အဖေနဲ့အမေကိုစိတ်မဆင်းရဲစေချင်သလိုအစ်ကိုဖြစ်သူကိုလည်းတားဆီးလို့မရ။
VOCÊ ESTÁ LENDO
"အမုန်းကာရံသောချစ်ခြင်း"
Fanfic*ပထမဆုံးတွေ့ဆုံခြင်းမှာအမုန်းတရားတို့စတင်ခဲ့တဲ့ Thymeနဲ့Kavin ဆိုတဲ့ကောင်လေးနှစ်ယောက်။ *Kavin ကိုစိတ်အနှောင်အယှက်ဖြစ်အောင်လုပ်ရင်း Thyme တစ်ယာက် Kavin ကိုချစ်မိသွားတဲ့အခါ... *Kavin အချစ်ကိုပြန်ရဖို့ဘယ်လိုတွေချဥ်းကပ်မလဲ? *အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...