Ep 3

488 61 14
                                    

မြူးကြွလွန်းတဲ့Djတီးလုံးသံကြောင့်လူတိုင်းလိုလို လေမှာဝဲပျံနေသလိုမြူးကြွစွာလွင့်မျောနေကြသည်။Kavinလျှောက်လာတဲ့လမ်းတစ်လျှောက်မှာလည်း​ ပေါင်တံရှည်ရှည်သွယ်သွယ်နဲ့ရှော်တီအမိုက်စားလေးတွေဝန်းရံလ်ို့နေသည်။ပုရိသအပေါင်းကိုအသက်ရှူမှားလောက်အောင်ဆွဲဆောင်နိုင်မှုများနှင့်ပြည့်နက်နေသည့်နေရာတစ်ခုပင်။

'Thyme...Thymeဆိုတဲ့ကောင်ကိုဘယ်လိုရှာရမလဲ' Kavin တွေးရင်းမှစိတ်ဝင်စားဖို့ကောင်းသောလူအစုကိုတွေ့လိုက်သည်။

ထိုဝိုင်းကတခြားဝိုင်းတွေထက်ထူးခြားနေတာအမှန်ပင်။Kavinတွေဝေမနေဘဲခြေလှမ်းတို့ကိုထိုနေရာဆီဥိီးတည်လိုက်သည်။
ထင်တဲ့အတိုင်းပဲဝိုင်းရဲ့အနီးနားမှာအသံတိတ်ရန်ပွဲတစ်ခုဖြစ်နေသည်။

"မင်းတို့တွေလူတစ်ယောက်ကိုဝိုင်းအနိုင်ကျင့်နေတာမရှက်ကြဘူးလား"

အဆက်မပြတ်ထိုးနှက်နေတဲ့လက်သီးချက်တွေတိခရပ်ရပ်သွားပြီး Kavin အားစူးစူးရဲရဲကြည့်လာကြသည်။

"မင်းကဘာကောင်လဲ ဘာဆိုင်လို့လာတားတာလဲ"

ထို ရန်ပွဲထဲမှဆံပင်ရှည်ကိုခပ်မိုက်မိုက်စည်းထားတဲ့ Kavin နဲ့ရွယ်တူလောက်ရှိတဲ့လူတစ်ယောက်ကထလာပြီးပြောသည်။

"ဆိုင်တော့မဆိုင်ဘူး"

"မဆိုင်ရင်လစ် ဒီနေရာကိုဘာထင်နေလဲမင်းကိုပါရောပြီးအရေကျိုပစ်လိုက်မယ်"

Kavinဘာမှထပ်မပြောလိုတော့။ကြောက်တာတော့မဟုတ်ပေမယ့်လာရင်းကိစ္စကရှိသေးတယ်မဟုတ်လား။

"Thymeကိုသိလား"

"ငါပဲ"

အသံထွက်လာတဲ့နေရာကို Kavin ကြည့်လိုက်တော့ဆိုဖာပေါ်မှာလက်နှစ်ဖက်ကိုဆန့်တင်ကာထိုင်နေတဲ့ Thyme။ပေါင်ပေါ်မှာသရုပ်ပျက်လောက်အောင်ကပ်တွယ်နေတဲ့ကောင်မလေးနှစ်ယောက်ကThymeကခေါင်းတစ်ချက်ညိမ့်ပြလိုက်မှထသွားကြသည်။
Thymeဆိုသောထိုသူ။Kavinနဲ့ရွယ်တူလောက်ရှိသည်။အရပ် ၆ ပေ​လောက်ရှိပြီးကျစ်လစ်သောခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည်။
နက်မှောင်သောဆံကေသာကိုသေသပ်စွာပုံသွင်းထားပြီးတစွန်းတစဝဲကျနေပုံက
ကြည့်ကောင်းနေစေသည်။ဆံစတို့ဖုံးချင်နေသည့်နှဖူးပြင်ကျဥ်းကျဥ်းထက်မှာမွှေးညင်းနုလေးများကလှလှပပနေရာယူထားသည်။စင်ရော်မျက်ခုံးထူထူလေးတွေကမျက်တောင်လှလှလေးတွေကာရံထားတဲ့မျက်ဝန်းနက်များနှင့်ပေါင်းစပ်လိုက်တော့ညို့ဓာတ်ပြင်းလွန်းလှသည်။နှာတံသွယ်သွယ်လေးအောက်က လေးကိုင်းပုံနှုတ်ခမ်းလှလှ​ကတမူထူးစွာဆွဲဆောင်မှုရှိသည်။ယောက်ျားပီသတဲ့မျက်နှာအချိုးအစားကြောင့်နှုတ်ခမ်းနီမလေးတွေအသည်းစွဲဖြစ်တာမဆန်းလှ။ဝတ်ထားသောအနက်ရောင်အက်ျီမှာကြယ်သီးတစ်လုံးမှတပ်ထားခြင်းမရှိ။မဟုတ်ဘူး...ခုနကပလူးပလဲလုပ်​နေရင်းကောင်မလေးတွေဖြုတ်ထားတာဖြစ်နိုင်သည်။ဖြူဖွေးပြီးမို့မောက်နေတဲ့ရင်အုံ
နှင့်အဖုအထစ်တွေ​ထွက်နေတဲ့ဝမ်းဗိုက်ကြွက်သားတို့မှာနှုတ်ခမ်းနီရာတွေတောင်ထင်ကျန်နေသေးသည်။
အာဏာလည်းရှိ​၊ချမ်းသာပြီးဆွဲဆောင်မှုရှိသည့် Thyme လိုလူမျိုးကိုမိန်းမတိုင်းလိုချင်တပ်မက်တာကဆန်းတော့မဆန်းပါ။
ThymeကKavinဆီလျှောက်လာပြီးရှေ့တည့်တည့်မှာရပ်ကာKavinအားခေါင်းအစခြေအဆုံးခပ်ရဲရဲကြည့်လိုက်သည်။

"အမုန်းကာရံသောချစ်ခြင်း"Where stories live. Discover now