"Hello AJ ပြော"
"Khaoဆေးရုံးရောက်နေတယ် Kavin"
Khaoနဲ့AJဟာKavinအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်သည်။အထက်တန်းကျောင်းတက်တည်းကခင်လာကြပြီးတက္ကသိုလ်မှာလည်းသွားတူ၊လာတူ၊စိတ်တူ၊ကိုယ်တူသူငယ်ချင်းသုံးယောက်ဖြစ်သည်။
ဘွဲ့ရတော့လည်းအတူပင်ဖြစ်ကာအလုပ်ကိုယ်စီရမှသာတစ်နေရာစီကွဲနေကြသည်။
သို့သော်အခင်မင်မပျက်သလိုအဆက်အသွယ်လည်းမပျက်ခဲ့ကြပါ။"ဘာ!!! ဘယ်လိုဖြစ်တာလဲ"
"လူမှားရိုက်ခံရတာလို့ပြောတယ်"
"အရေးမပါတာကွာ"
"အေး ငါလည်းအခုဆေးရုံကိုသွားတဲ့လမ်းမှာ မင်းအခုလိုက်လာခဲ့"
"ok ok"
Kavin နဲ့ AJ ဆေးရုံရောက်ချိန်မှာမြင်ရတဲ့မြင်ကွင်းဟာမရှုမလှ။
Khaoခေါင်း၊လက်နဲ့ခြေထောက်တို့မှာပတ်တီးအဖွေးသား။မျက်နှာတစ်ခုလုံးလည်းဒဏ်ရာများနှင့်ရောင်ကိုင်းညိုမဲနေကာရုပ်ပျက်ဆင်းပျက်။သတိပင်မလည်သေးတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း Kavin ဒေါသထွက်ရသည်။
Khaoအမေကသတိမရသေးတဲ့သားဖြစ်သူလက်ကိုကိုင်ကာငိုနေရှာသည်။
Kavin ရင်ထဲမှာမချိ။"ဒါ ဒါ ဘယ်လိုဖြစ်တာလဲအန်တီ"
"သားလေးကိုလူမှားပြီးရိုက်တာတဲ့"
"ဘယ်သူရိုက်တာလဲ သူတို့ရောအခုဘယ်မှာလဲ လူတစ်ယောက်လုံးဒီလိုဖြစ်အောင်လုပ်ထားပြီးတာဝန်မယူကြဘူးလားအန်တီ"
"မနက်ကတော့ဆေးရုံကိုလာသွားပြီးဆေးစရိတ်အားလုံးတာဝန်ယူပေးမယ်လို့ပြောသွားတယ်သား"
"တကယ်ဆိုအန်တီကျေနပ်တဲ့အထိတောင်းပန်ရမှာပေါ့"
"တောင်းပန်ဖို့နေနေသာ သားရယ် ဆေးရုံကိုတောင်သူတို့ကိုယ်တိုင်လာတာမဟုတ်ဘူး"
"ရိုင်းလိုက်တာ အန်တီတို့အမှုမဖွင့်ဘူးလား"
"အမှုဖွင့်ဖို့လည်းမဖြစ်နိုင်ပါဘူးကွယ်"
"ဘာလို့မဖြစ်နိုင်တာလဲ"
"အမှုဖွင့်လည်းမထူးဘူး Kavin"
"လူအရိုက်ခံထားရတာကိုအမှုဖွင့်လို့မရဘူးလား AJ"
"Jacksonမို့လို့"

YOU ARE READING
"အမုန်းကာရံသောချစ်ခြင်း"
Fanfiction*ပထမဆုံးတွေ့ဆုံခြင်းမှာအမုန်းတရားတို့စတင်ခဲ့တဲ့ Thymeနဲ့Kavin ဆိုတဲ့ကောင်လေးနှစ်ယောက်။ *Kavin ကိုစိတ်အနှောင်အယှက်ဖြစ်အောင်လုပ်ရင်း Thyme တစ်ယာက် Kavin ကိုချစ်မိသွားတဲ့အခါ... *Kavin အချစ်ကိုပြန်ရဖို့ဘယ်လိုတွေချဥ်းကပ်မလဲ? *အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...