Ep 5

461 59 24
                                    

"Thyme မင်းဘာတွေဂါနေတာလဲ"

"မသိဘူးကွာ ငါဘာတွေအလိုမကျဖြစ်နေတာလဲဆိုတာငါ့ကိုငါတောင်မသိတော့ဘူးMJ"

"ဟိုနေ့ကကောင်ကြောင့်လား"

အထူးအဆန်းတော့လည်းမဟုတ်ပါ MJ ဆိုတဲ့ကောင်က Thyme စိတ်ကိုကောင်းကောင်းဖတ်နိုင်သလိုလူတွေရဲ့အရိပ်အခြေကိုလည်းနားလည်တတ်သူပဲ။

"ဟုတ်တယ် MJ"

"ဘာလဲမင်းသူ့ကိုမကျေနပ်လို့လား ဒါမှမဟုတ်...''

"မင်းထင်သလိုပဲ ငါသူ့ကိုစိတ်ဝင်စားနေတယ် ငါဘာလုပ်ရမလဲ"

"ဟား...ဟား...Thymeရာ ဘယ်အရာတွေကမင်းစိတ်တွေကိုတွေဝေစေတာလဲ ငါ့သူငယ်ချင်း Thyme ကလိုချင်တာဆိုမရ,ရအောင်ယူတတ်တဲ့တဇွတ်ထိုးကောင်လေ"

"အင်း ငါ့သူ့အကြောင်းအားလုံးသိချင်တယ်မင်းကူညီပေး"

'ဖျောက်'
MJ ကလက်ဖျောက်တစ်ချက်တီးလိုက်ရင်း...

"အဲ့လိုလက်ဖျောက်တီးတာမှခက်သေးတယ်Thyme ဒီလောက်ကတော့အသေးအဖွဲလေး မနက်ဖြန်သူ့​အကြောင်းအားလုံးမင်းစေသိရမယ် လူကိုရောတစ်ခါတည်းလိုချင်လား"

"မလိုဘူးMJ ငါ့ပါသာဆက်လုပ််မယ်"

"Ok"

Thyme ထိုင်နေတဲ့ဆိုဖာခုံပေါ်လက်နှစ်ဖက်ကိုဆန့်တင်ပြိီးခေါင်းကိုအနောက်သို့လှန်ကာမှီရင်းမျက်လုံးအစုံကိုပိတ်ထားလိုက်သည်။
စိတ်အာရုံမှာကြီးစိုးနေတဲ့မျက်နှာလေးကလည်းမဖိတ်ခေါ်ပဲရောက်လာသည်။
'အချစ်နဲ့စစ်မှာမတရားတာမရှိဘူးမဟုတ်လား Kavin'

နောက်တစ်နေ့.....

"နာမည်က Kavin ဒီဇိုင်းပညာနဲ့ဘွဲ့ရထားတယ် လက်ရှိလည်းအဆောက်အဥိီးဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတယ် သူ့အဖေနာမည်က Steven စားသောက်ကုန်လုပ်ငန်းပိုင်ရှင် အမေနာမည်က Ruby ထိုင်းပိုးထည်တိုက်ပိုင်ရှင် Kavin မှာ Kit ဆိုတဲ့အစ်ကိုတစ်ယောက်ရှိတယ် သူ့အစ်ကိုကမင်းအတွက်အသုံးဝင်နိုင်တယ် Thyme"

"why???"

"သူ့အစ်ကိုကလောင်းကစားဝါသနာပါတယ် မင်းdaddyရဲ့ဂျင်ဝိုင်းတွေမှာသူအမြဲရှိတတ်တယ် ငါကြားတာကတော့မင်းdaddyကိုအကြွေးပေးစရာမနည်းဘူးဆိုပဲ kitဆိုတဲ့ကောင်က Kavin ရဲ့အားနည်းချက်ပဲ Kavinကသူ့မိသားစုကိုသိပ်ချစ်တာသူ့အစ်ကိုရှုပ်ထားတဲ့ကိစ္စတွေကိုလည်းသူလိုက်​ဖြေရှင်းပေးတယ်"

"အမုန်းကာရံသောချစ်ခြင်း"Donde viven las historias. Descúbrelo ahora