〔1〕
M E L T
"အခုချိန်မှာ ဆိုးလ်မြို့တော်ရဲ့ အပူအချိန်က နှစ်ဒီဂရီတိတိရှိနေပါတယ်။ မိုးလေဝသ ထုတ်ပြန်ချက်အရ လေထုထဲမှာ ငွေ့ရည်ဖွဲ့မှုများပြားတဲ့အတွက်ကြောင့် နှင်းကျနိုင်ဖွယ်ရှိပါတယ်။ တကယ်သာ နှင်းကျမယ်ဆိုရင်တော့ ဒီနှစ်အတွက် ဆိုးလ်မြို့ရဲ့ နှင်းဦးဖြစ်မှာပါ...."
ခြောက်နာရီခွဲသတင်းအပြီးမှ ကြေညာသံ။ ထိုနောက်တွင်တော့ ဂီတကဏ္ဍ။ ပြီးလျှင်တော့ ရေဒီယိုဌာနက နားဆင်နေသူတွေအတွက် သီချင်းလှလှလေး တစ်ပုဒ် ဖွင့်ပြလိမ့်မည်။
ထိုသီချင်းကြားချိန်မှာ အရှေ့အရပ်ကို ကြည့်လိုက်လျှင်ဖြင့် နေထွက်ဖို့အားယူနေသလိုမျိုး ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျက်ရှိနေသည့် တိမ်တွေကို ရှုမြင်နိုင်သည်။ လမင်းကတော့ အနောက်အရပ်မှာ မှေးမှိန်စပြုနေ၏။ ဆောင်းဦးအရာတွင် အလှပဂေးဖြစ်သော နှောင်းနိုဝင်ဘာကို စာဖွဲ့မည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိ။
သို့သော် Minseok ကတော့ ကဗျာစပ်ဖို့ စိတ်မပါ။ စိတ်မပါသည့်တိုင် ဆောင်းရာသီ၏အလှကိုတော့ ငေးမောမကြည့်ဘဲ မနေနိုင်။ တိမ်ဖြူဖြူတွေ မြူလွလွတွေ မျက်စိတစ်ဆုံးထိ ပျောက်ကွယ်သွားတာကို ကြည့်ရင်း ရင်ဘတ်ထဲမှာ နှင်းလှလှတွေ ဝေနေသည်။ ကိုယ်ဖန်တီးထားသော အရာတစ်ခု၏ လှပမှုကို ငေးကြည့်ကျေနပ်ရခြင်းက အနုပညာသည်တစ်ယောက်၏ ဖြစ်တည်မှု အစစ်ပါပင်။ ဘုရားသခင်လည်းပဲ သူတို့ကို အုပ်ငေးကြည့်နေရင်း ဒီလိုပဲပျော်ရွှင်နေမလားလို့ Minseok အတွေးပေါက်မိ၏။
"Minseok-hyung!"
"Chennie."
Minseok ဘေးသို့ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ ကမ္ဘာကို စောင့်ကြည့်နေသည့် နှစ်ထောင်ချီတွေထဲမှာ Jongdae သို့မဟုတ် Chen နှင့် သူရင်းနှီးကျွမ်းဝင်ခဲ့သည်မို့ ကြည့်စရာမလိုဘဲ အသံကြားရုံဖြင့် တန်းပြောလို့ရသည်လေ။
"ဘာလုပ်နေတာလဲ"
"စကားစမြည်ပြောဖို့ မကြိုးစားစမ်းပါနဲ့။ ငါဘာလုပ်မလို့လဲဆိုတာ မင်းသိပါတယ်"
YOU ARE READING
Winter Heat [XiuYeol]