〔6〕
H E L P
Chen ဒီနေ့ညရော မနက်ဖြန်ရော အလုပ်မရှိပါ။
Chen အတွက်ကတော့ အလုပ်မရှိသောနေ့သည် နေ့ကောင်းရက်သာဖြစ်သည်။ ရုံးခန်းထဲတွင် တစ်ယောက်တည်း ငြိမ်ထိုင်ပြီး စာရွက်စာတမ်းတွေ ဖတ်မလား၊ လတ်လျားလတ်လျား လျှောက်သွားပြီး တခြား စီနီယာနတ်သားတွေနှင့် မိတ်ဖွဲ့မလား၊ ဂျူနီယာနတ်သားတွေကို ကော်ဖီဖျော်ပေးပြီး သူတို့၏ တပ်မှူးတွေအကြောင်း ပေါက်ကရ လျှောက်ပြောမလား သူကြိုက်တာကို ရွေးလုပ်လို့ရသည်။ ရွေးချယ်စရာတွေ တစ်ပုံတစ်ပင်။ ဖြစ်နိုင်သောအရာတွေ လက်ချိုးရေ၍ပင်မရ။ အင်မတိအင်မတန်ကို စိတ်လှုပ်ရှားစရာကောင်းသည်။ ဒါကြောင့်လည်း Chen ညဘက်အထိကို သူ့အိပ်ခန်းဆီ မပြန်သေးဘဲ ရုံးတွင် ရှိနေသေးတာဖြစ်သည်။
Chen သီချင်းတညည်းညည်းနှင့် ရုံးခန်းဆီ လျှောက်လာပြီးနောက် ကော်ဖီခွက်ကို လက်ပြောင်းကိုင်ရင်း တံခါးဆီ လက်လှမ်းလိုက်သည်။ သို့သော် တံခါးမပွင့်သေးခင် တစ်စုံတစ်ယောက်က သူ့အင်္ကျီလည်ပင်းကို လှမ်းကိုင်ဆွဲလိုက်၏။
"မင်းငါနဲ့လိုက်ခဲ့"
Minseok က အမိန့်ပေးရင်း သူ့ကို တရွတ်ဆွဲသွားသည့်အခါ Chen မျက်လုံးကလယ်ကလယ်နှင့် ကော်ဖီခွက်ကို ဖိတ်မကျအောင်ထိန်းရင်း သူ့နောက် လိုက်သွားရ၏။ Chen လာခဲ့သော မီးဖိုချောင်ဘက်သို့ ပြန်ဆွဲခေါ်သွားခြင်းပင်။
"Hyung... ဘာလို့လဲ? ကျွန်တော် ဘာလုပ်မိလို့လဲ? အာ... ညနေက Chanyeol ကြောင့်လား? ဒါပေမဲ့ ကျွန်တော် သူ့ကို လိပ်စာပေးပြီးတော့ Hyung ကို လှမ်းပြောတယ်လေ။ Hyung ကလည်း ပြန်ဖြေတယ်လေ။ ငါသိပြီ။ မင်းလိပ်စာပေးလိုက်တယ်ဆို သူလိုက်လာမှာ သေချာသလောက်ပဲ။ ဒီအရက်ဆိုင် မီးမလောင်အောင် ဆက်ထိန်းပေးဖို့ ငါဒီဆိုင်မှာပဲ-"
"ဟေ့ကောင်... ငါပြောထားတာတွေ ငါ့ကိုပြန်ပြောပြီး မင်းဘာလုပ်မှာလဲ? တိတ်တိတ်နေ!"
Minseok က ပြောပြီးသည်နှင့် ပါးစပ်ပြန်ပိတ်သွားသည်။ ခါတိုင်းလို ဆူငေါက်ဖို့ပင် အာရုံမရှိဘူးဆိုသော သဘောပါလား။ Chen ဖြစ်နိုင်ချေတွေကို လိုက်တွေးရင်းမှ အလိုလို ခေါင်းကျိန်းလာသည်။
YOU ARE READING
Winter Heat [XiuYeol]