〔3〕HOLD /Z/

1.2K 236 78
                                    

〔3〕

H O L D

"အဟားဟားဟားဟား..."

Chen ၏ သဘောတကျ ရယ်လိုက်သံက Minseok ၏ ရုံးခန်းထဲတွင် ပဲ့တင်ထပ်သွားတော့မတတ် အားပါလှသည်။ အဖြူနှင့်အမည်းသာရှိသည့် သူ့ရုံးခန်းကို Chen ၏ နွေးထွေးသောရယ်သံက အရောင်ခြယ်လိုက်သည့်နှယ်။ မျက်လုံးအစုံမှိတ်ရင်း ထိုင်ခုံပေါ် တွန့်လိမ်ကာ ရယ်နေသော Chen ကို ကြည့်ရင် Minseok လည်း လိုက်ပြုံးမိ၏။ Chen က အရယ်ရပ်ကာ အသက်လုရှူရင်း စကားပြောရန် ကြိုးစားသည်။

"နေပါဦး၊ အဲ့ကောင်လေးက သူ့ဆံပင်တကယ်မီးလောင်တယ် ထင်နေတာလား..."

Minseok ခေါင်းညိတ်ပြလိုက်တော့ Chen က မျက်ရည်တွေပါကျလာတော့မလားလို့ Minseok တွေးမိသည်အထိ ရပ်လက်စအရယ်ကို ဆက်သည်။

တကယ်တော့ Chen က အလုပ်ရှိသောကြောင့် လာတွေ့ခြင်းမဟုတ်ပေ။ ဟိုတစ်နေ့က Chanyeol ၏ ကမ်းခြေပေါ်မှ ဖြစ်စဉ်ကို နားထောင်ရရန် လာခြင်းဖြစ်သည်။ Chanyeol က Chen မေးခွန်းထုတ်သည့်အခါ အရှက်သည်းလွန်းသောကြောင့် မျက်နှာကြီး ရဲတွတ်လာသည်ဆိုလား၊ လက်ဖျားက မီးတွေတောက်လာသည်ဆိုလား။ အဲ့ဒါကြောင့် Chen က သူ့ကို တိုက်ရိုက်လာမေးတာပင်။

"အဲ့တစ်ယောက် ကျွန်တော့်ရဲ့ ရှပ်ပြာဘွဲ့ကို လက်လွှဲယူဖို့ကောင်းတယ်... ခစ်..."

Chen က ဆက်ရယ်နေသည်။ Minseok ပခုံးတွန့်ပြလိုက်မိသည်။ အဲ့ကောင်လေး ရှက်တာလည်း မပြောပါနဲ့တော့၊ မီးလောင်တယ်အထင်နဲ့ ဆံပင်ကို ခါနေရင်း ခရုခွံကို တက်နင်းမိတော့ လန့်ခုန်လိုက်တာ အရှိန်နှင့် ပင်လယ်ထဲ ပြုတ်ကျပါရောလား...

လှိုင်းလုံးအပုတ်နဲ့ဆုံကာ တစ်ကိုယ်လုံး ကြွက်စုတ်ရေစိုသလို ဖြစ်သွားသော ကောင်လေး၏ ပုံစံကို မြင်ယောင်တော့ Minseok ခွိခနဲ ဖြစ်သွားပြန်သည်။ ခမျာမှာ သနားစရာ၊ ဘာဖြစ်သွားမှန်းတောင် မသိပုံနဲ့ ရေထဲမှာ ထိုင်ရက်သားကလေး...

"ကဲ ကဲ... စွတ်ရယ်မနေနဲ့တော့... မင်းအခုသိပြီမလား။ အလုပ်သွားလုပ်တော့။ ငါ့အစား အစီရင်ခံစာ တင်ပေးမယ်ဆို"

Minseok ပြောပြောဆိုဆို ရုံးခန်းတံခါးကို လှမ်းကြည့်မိသည်။ တစ်စုံတစ်ယောက်များ Chen အသံကို ကြားသွားလေမလား မပြောနိုင်၊ သူ့အသံကလည်း ကျယ်သည့်အပြင် Minseok ရုံးခန်းနံရံကလည်း အထူကြီးမဟုတ်တော့ ပိုစိတ်ပူလှသည်။ အေးစက်စက်နိုင်ကာ တည်ငြိမ်လွန်းသော Minseok ၏ ရုံးခန်းထဲတွင် ရယ်မည့်သူဟူ၍ Chen တစ်ယောက်သာ ရှိတာတော့ အကုန်သိသည်။ သို့သော် ကောလဟာလတွေ ပြန့်မှာလည်း စိုးရိမ်၏။ ဟိုအရင်ကလို...

Winter Heat [XiuYeol]Tempat cerita menjadi hidup. Temukan sekarang