〔5〕
E A S E
ကမ္ဘာပေါ်တွင်သာမက စကြဝဠာတစ်ခုလုံးတွင် ရှိသမျှ ဖြစ်တည်မှုအားလုံးအား နားလည်ရလွယ်သူများနှင့် နားလည်ရခက်သူများဟူ၍ နှစ်မျိုးနှစ်စားအဖြစ် ပိုင်းခြားလိုက်မည်ဆိုပါစို့။ Minseok Sunbae သည် သေချာပေါက် ဒုတိယအမျိုးအစားထဲက ဖြစ်သည်။
"Sunbae-nim."
Chanyeol ခေါ်ရင်း တံခါးထပ်ခေါက်လိုက်၏။ သူ့လက်ဆစ်တွေ သစ်သားပြင်ပေါ် ပြေးသွားသော အသံအဆုံးတွင် ဘာသံမှ ထပ်ထွက်မလာခဲ့သည့်အခါ Chanyeol ဒီအတိုင်း တံခါးဖွင့်ဝင်သွားရကောင်းမလားဟု တွေဝေနေခဲ့မိ၏။ ကိုရီးယားစံတော်ချိန်နှင့် ညခြောက်နာရီခွဲပြီမို့ ရေနွေးကြမ်းဗန်း လာပို့တာပင်။ Minseok ဒီနေ့ သူ့ကို ရေနွေးကြမ်းလာပို့ဖို့ မမှာကြားထားပါ။ သို့သော် Chen ၏ အမှာစကားက သူ့နားထဲ တဝဲလည်လည်ဖြစ်နေတော့လည်း Chanyeol မတတ်နိုင်ဘဲ ရုံးခန်းရှေ့ ထပ်ရောက်လာရတာပါပဲလေ။
"ဪ? Chanyeol. သူဒီမှာ မရှိဘူး။"
Chen က ကော်ဖီခွက်တစ်ခွက်ကိုင်ရင်း သူ့ဆီလျှောက်လာသည်။ Chanyeol ခါးညွှတ် အလေးပြုလိုက်၏။
"ကျွန်တော် ရေနွေးကြမ်းလာပို့တာ"
"အင်း။ ငါမြင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့တော့ ရုံးခန်းကို ပြန်လာမယ် မထင်ဘူး။"
"ဘာလို့လဲ..."
"အာ... သူ သွားသောက်တယ်"
"အရက်?"
Chanyeol မျက်လုံးကလယ်ကလယ် ဖြစ်သွားသည်။
"အင်း"
"ဘာလုပ်ဖို့လဲ"
"ဒီလိုပါပဲ... သူက စိတ်ညစ်ရင် သောက်တယ်။ ရေနွေးအိုး ပြန်သွားထားရင် ထားလိုက်ပါလား။ ရုံးခန်းထဲထားလည်း မထူးဘူးဆိုတော့..."
"ဟုတ်။ ကျွန်တော် ပြန်သွားထားလိုက်မယ်"
Chen က သူ့ဘေးမှ ဖြတ်လျှောက်သွားသော်လည်း Chanyeol နေရာမရွေ့သေးဘဲ ရေနွေးခရားမှ ထွက်လာသော အငွေ့တွေအား ခဏတာ ငေးစိုက်ကြည့်နေမိသည်။ နောက်တော့ ချာခနဲလှည့်လိုက်၏။
BINABASA MO ANG
Winter Heat [XiuYeol]