〔2〕
L I G H T E N
ကောင်းကင်ဘုံ၏ Angel များအနက်၌ အစကနဦးတည်းက angel အဖြစ် ဖန်ဆင်းခံရသူများနှင့် လူအဖြစ်မှ angel ဖြစ်လာရသူများဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ Chanyeol သည် လူအဖြစ်မှ အဆင့်တက်လာရသူ ဖြစ်သည်။ ဘယ်လို ဘယ်ပုံကြောင့် ဒေဝါဖြစ်လာရလဲတော့ လားလားမျှ မသိပေ။ အတိတ်ဘဝကို ပြန်လည်ရှုမျှော်နိုင်သည့် လက်ဆောင်အား Chanyeol မပိုင်ဆိုင်၍ပင်။
သို့သော် လက်ရှိကိုတော့ Chanyeol သိသည်။ သူသည် မီးလျှံတစ်စစီဖြင့် ရက်ထားသော တောင်ပံတစ်စုံကို ပိုင်ဆိုင်သူဖြစ်သည်။ လက်နှင့်ထိသမျှကို မတော်တဆ ပျက်စီးစေတတ်မိသူ ဖြစ်သည်။ သူရေဒါထဲရှိနေသော အရာအားလုံးကို ထိခိုက်စေတတ်သူမို့ တန်းတူ angel များက လက်လန်သော၊ အဆင့်မြင့် angel များ၏ မကြည်ဖြူမှုကို လက်ခံရတတ်သော လူဖြစ်သည်။
ဒါကြောင့်လည်း နတ်သားဖြစ်လာသည့် သက်တမ်းသုံးနှစ်မြောက်တွင် ရိုးရိုးတန်း angel အဖြစ်မှ Seraphim အဖြစ်သို့ အဆင့်တိုးပေးခြင်း ခံလိုက်ရသည့် နာမည်စာရင်းထဲမှာ ကိုယ့်နာမည်ပါလာသောအခါ Chanyeol ကိုယ့်နားကိုယ်ပင် မယုံနိုင်လောက်အောင် တအံ့တဩ ဖြစ်သွားခဲ့ရသည်။
"Chanyeol, Park."
Chanyeol ခဏကြာအောင် မျက်လုံးကလယ်ကလယ်နှင့် ကြည့်နေပြီးမှ ရှေ့ထွက်ရပ်ဖို့ရာ အသိဝင်မိ၏။ နာမည်စာရင်းခေါ်သည့် တစ်ယောက်က Chanyeol ကို မျက်ခုံးပင့်ကြည့်ရင်း စာအိတ်တစ်အိတ်လှမ်းပေးသည်။ ကြည့်ရတာ နာမည်ကြားထားဖူးပုံရသည်။ ကိုယ်လုပ်ခဲ့မိသမျှကို လက်လှမ်းမှီသလောက် ပြန်တွေးမိတာမို့ ခေါင်းငုံ့ကာ သူကမ်းပေးသော စာအိတ်ကို အမြန်ယူကာ နောက်ဆုတ်မိသည်။ တော်ကြာ နာမည်စာရင်းကို မတော်တဆ မီးရှို့မိရင် မခက်ပါလား...
သူ့ရှေ့မှ နာမည်အခေါ်ခံထားရသူတွေက တခြားရပ်ဝန်းမှာ သတိဆွဲရပ်နေတာမြင်တော့ Chanyeol ခပ်သွက်သွက် သူတို့နားသွားသည့် အခိုက်အတန့်မှာပင် စာအိတ်ကိုင်ထားသော လက်က ထုံကျင်သွားသည်မို့ စာအိတ်ကို လွှတ်ချမိလိုက်သည်။ လက်ဖျားတွေက ထုံရာမှ တဖြည်းဖြည်းနွေးလာမှပဲ ဘာဖြစ်သွားလဲဆိုတာ သတိထားမိကာ စာအိတ်ကို ပြန်ငုံ့ကောက်လိုက်မိ၏။ စာအိတ်ကတစ်ဆင့် စွမ်းအားတွေကို လွှဲပေးလိုက်တာကိုး... ကောင်းကင်ဘုံသည် ထူးဆန်းလှသည်။
YOU ARE READING
Winter Heat [XiuYeol]