Part- 5

5K 409 13
                                    

[Zawgyi]
ဒီနေ့ကကျောင်းပိတ်ရက်မို့ ကျန့်ကျန့်တစ်ယောက် အိမ်မှာပဲရှိနေသည်။ Daddyက ကုမ္ပဏီသွားသည်မို့ အိမ်မှာကျန်ခဲ့ခြင်း။နေ့လည်ပင်ရောက်တော့မည်။ Daddy ပြန်မရောက်သေး။နေ့လည်အမှီပြန်ရောက်မည်ဟု မှာခဲ့သော်လည်း အလုပ်များနေပုံရသည်။ကျိရန်ကလည်း လာချင်ပေမဲ့ America ကို အရေးကြီးကိစ္စဖြင့် သွားရတာကြောင့် မလာဖြစ်ပေ။ကုတင်ပေါ်မှ ပျင်းရိစွာထလိုက်ရင်း Daddy ဆီ နေ့လည်စာသွားပို့ဖို့ သတိရလိုက်သည်။ချက်ချင်းပင် အောက်ထပ်ကို ဆင်းလာတော့ အစေခံတချို့ကို တွေ့တာမို့ ထမင်းဘူးလေး ပြင်ခိုင်းလိုက်သည်။

"ကျွန်တော့်ကို နှစ်ယောက်စာ ထမင်းဘူးလေးပြင်ပေးပါ။အိမ်တော်ထိန်း"

"ဟုတ်ကဲ့ အကိုလေး"

ထမင်းဘူးပြင်ခိုင်းထားတုန်း အပေါ်ထပ်တက်ကာ အင်္ကျီလဲရသည်။အပြာနုရောက်လက်ရှည်လေးကို ဂျင်းဘောင်းဘီ အဖြူလေးနဲ့တွဲဝတ်လိုက်သည်။လူငယ်ဆန်ဆန်ပေါ့။

ထမင်းဘူးလေးကိုင်ကာ Daddy ထားခဲ့သော လူယုံသက်တော်စောင့်တွေကို လိုက်ပို့ခိုင်းရသည်။မကြာခန ရောက်နေကြမို့ ကုမ္ပဏီကလူတော်တော်များများ ကျန့်ကျန့်ကို သိသည်လေ။ CEO ရုံးခန်းရောက်ကာမှ သက်တော်စောင့်တွေကို နေခဲ့ခိုင်းရသည်။အခန်းတံခါးခေါက်လိုက်တော့ Daddy ဆီမှ "ဝင်ခဲ့" ဆိုသော အသံအားကြားရသည်။ပုံမှန်ဆို တန်းဝင်သွားမှာပေမဲ့ Surprise ဖြစ်အောင် တမင်လုပ်ခြင်းပင်။စားပွဲရှေ့ရောက်သည်ထိ Laptop ဖြင့် အလုပ်ရှုပ်နေသော Daddy ကိုကြည့်ရင်း နှုတ်ခမ်းဆူချင်လာပြီဖြစ်သည်။အဖက်တောင်မလုပ်သေး။စားပွဲပေါ်ကို ထမင်းဘူးစောင့်ချလိုက်ရင်း

"CEO ဦးဝမ်ရိပေါ် ခမျ နေ့လည်စာလာပို့တာပါ။"

"ရတယ် ထားခဲ့ အယ် Baby ကိုယ့်ဆီလာတာလား"

ရိပေါ်တစ်ယောက် စိတ်တိုနေပြီဖြစ်သည်။ Baby ကျောင်းပိတ်ရက်မို့ အနားနေချင်ပေမဲ့ ရှယ်ယာရှင် အစည်းအဝေးရှိတာကြောင့် နေနေရသည်။အစည်းအဝေးပြီးပြီးချင်း ပြန်ဖို့လုပ်ပေမဲ့ အရေးကြီးကိစ္စမို့ လွှဲထားခဲ့လို့က မရပြန်။ပုံမှန်ဆို ဟောက်ရွှမ်းနှင့်လွှဲထားရင် အဆင်ပြေမှာပေမဲ့ America ရုံးခွဲမှာ ပြဿနာပေါ်တာကြောင့် သွားဖြေရှင်းခိုင်းလိုက်ရသည်မို့ ရှိမနေ။ကျန်တဲ့သူတွေကိုလည်း စိတ်မချတာမို့ မတရားတွေ စိတ်ဆွဲဆန့်ကာ အလုပ်လုပ်နေခြင်း။အလုပ်ရှုပ်နေရင်းနဲ့မှ တံခါးခေါက်သံကြားတာမို့ ဝင်ခိုင်းလိုက်ရသည်။စားပွဲပေါ်ပစ်ချလိုက်တဲ့ ထမင်းဘူးနဲ့အတူ အသံသေးသေးလေးကို ကြားလိုက်ရသည်မို့ မော့ကြည့်လိုက်တော့မှ ဆူထားတဲ့နှုတ်ခမ်းလေးနဲ့ Baby ရယ်လေ။အမှန်ဆို CEO ဦးဝမ်ရိပေါ်ဆိုကတည်းက သိလိုက်ရမှာကို။သူမှားတာ။

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now