Part- 8

4.8K 339 20
                                    

[Unicode]
မနက်ခင်း နေရောင်ခြည်က ဖြာထွက်နေပြီး Wang စံအိမ်တော်ထဲက လူသားနှစ်ဦးဟာလည်း အိပ်လို့ကောင်းနေစဥ်ပင်ဖြစ်သည်။အချိန်အားဖြင့် မနက်9နာရီခန့်။

ရိပေါ်ဟာလည်း ရင်ခွင်ထဲက တစ်လှုပ်လှုပ်ဖြစ်နေတဲ့ အရာကြောင့် နိုးလာခဲ့တယ်။ကြည့်လိုက်တော့ ရင်ခွင်ထဲတိုးတိုးဝင်နေတဲ့ Baby လေး။

ညကဖြစ်တဲ့ပုံကို ပြန်တွေးမိလိုက်တော့ ကျေနပ်မှုက အများသား။ဝမ်းသာစွာနဲ့ အကောင်ပေါက်လေးကို ဖျစ်မိလိုက်တော့ အသံပိစိလေးတွေ ထွက်လာလေရဲ့။

"အ့..."

မကြာပါ။မျက်တောင်လေးတွေ တလှုပ်လှုပ်ဖြစ်လာပြီး Baby က နိုးလာပါလေရော။

သူ့ကို ကြည့်နေတဲ့ ရိပေါ်ကိုတွေ့တော့ ထိုင်လိုက်တာ ညကအရှိန်နဲ့ဆိုတော့ နာသွားပါလေရော။

"Daddy အ့ "

"Baby ဖြည်းဖြည်းထ နာနေသေးလားဟင်"

Daddy စကားအဆုံး ကျန့်ကျန့်တို့ မျက်နှာရဲခနဲပဲ။

"Daddy ကလည်း ရှက်စရာကြီး "

"Daddy ညက အရှိန်မထိန်းနိုင်လို့ မေးတာပါ Baby ရဲ့။နာနေသေးလား။ Daddy ဆေးလိမ်းပေးထားပါတယ်..မသက်သာရင် ဆရာဝန်ခေါ် ...အား.."

ကျန့်ကျန့်တစ်ယောက် အရှက်လွန်ပြီး ရိပေါ်လက်ကို ကိုက်ထည့်လိုက်ပါလေရော။

"Daddy !!"

"Daddy လက်ကို ကိုက်တယ်ပေါ့လေ "

"Baby Baby ကမရည်ရွယ်ပါဘူး အရမ်းနာသွားလားဟင် "

"မနာပါဘူးကွာ Baby ကိုက်ချင်သေးရင် ကိုက်လို့ရသေးတယ် "

"Daddy နော် အ့ ဟား ခစ် ခစ် မလုပ်နဲ့လေ ယားတယ် ခစ် ခစ် "

"Baby ကိုသင်ခန်းစာကောင်းကောင်းပေးရမယ် "

"ခစ် ခစ် ယားတယ် ဟားး ဟူး  မောသွားပြီ။"

"ပြန်အိပ်အုံးမလား Baby ညကပင်ပန်းထားတော့ "

"Daddy နော် မအိပ်တော့ဘူး။မျက်နှာသစ်မို့ Baby ကိုချီ "

"ကဲကောင်းပါပြီ လာ Baby "

ရေချိုးသန့်စင်ပေးပြီး Baby နဲ့အတူ အောက်ထပ်ကို ဆင်းလာတော့ ဟောက်ရွှမ်းနဲ့ Baby သူငယ်ချင်း ကျိရန်က စောင့်နေတယ်။

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now