Final ( 9 )

6K 302 10
                                    

[Unicode]
"အဆိုးလေး !Baby ! မထသေးဘူးလား"

ကမ်းခြေကို ရောက်ကတည်းက လေယာဥ်စီးရတာ ပင်ပန်းတယ်ဆိုပြီး တစ်နေကုန်တစ်ညလုံး အိပ်နေတဲ့ Baby.။ခုဆို မနက် 7 နာရီတောင် ရှိနေပြီမလို့ နှိုးနေခြင်းရယ်။

"အွန်း Daddy 5 မိနစ်ပဲ "

"5 မိနစ် သေချာလား "

"အွန်း "

စောင်ပုံကြားထဲ မြုပ်ကာ လက်ပိစိလေးဖြင့် ငါးချောင်းထောင်ပြနေသော Baby လေးကို ရိပေါ်အသည်းတယားယား။

နှဖူးလေးကို လက်ဖြင့်တောက်ကာ နှာတံချွန်ချွန်လေးကို ပွတ်ဆွဲလိုက်တော့ နှုတ်ခမ်းနီနီလေးတွေက စူသွားကာ အိပ်ချင်မူးတူးဖြင့် ရန်တွေ့ပါရော။

"အာ့ Daddy နာတယ်။ ခဏလေးပါဆိုနေမှ ကျန့်ကျန့် အိပ်ရေးမဝသေးတာကို"

"နောက်ကျနေပြီလေ Baby ရဲ့ ကျိရန်တို့တောင် ရေကူးနေကြပြီလေ "

"ဟင်... အဲ့ကျိရန်ကြီးကို ရန်တွေ့ပစ်မယ် ကျန့်ကျန့်ကို မစောင့်ဘူး။ Daddy အဲ့ကျီးမဲကြီးကို အလုပ်ပိုခိုင်းနော် Daddy နော် "

"ဟုတ်ပါပြီ Baby သဘောနော်။ ထတော့ အဝတ်အစားလဲပြီး မနက်စာစားမယ် ပြီးမှ ရေဆော့မယ်နော် "

"အွန်း ကျန့်ကျန့်ကိုချီ "

စောင်ပုံလေးကို ဖယ်ကာ လက်ကလေးဆန့်တန်းနေသော Baby ကို ချီကာ ရင်ခွင်ထဲထွေးပွေ့ထားပေးလိုက်သည်။

" Morning Kiss မွမွ "

"Baby ဒီနေ့သဘောတွေ ကောင်းနေပါ့လား။ပြောအဆိုးလေး ဘာတွေပူဆာမို့လဲ "

"Daddy ကလည်း ဟီး ကျန့်ကျန့်ရေဆော့ရင် အကြာကြီးဆော့ချင်လို့ "

"Baby အအေးပတ်ရင် ဘယ်လိုလုပ်မလဲ။ ညနေကျမှ တစ်ခေါက်ထပ်ဆော့လေနော်။ ခုတော့ တစ်နာရီလောက်ပဲဆော့ "

"နှစ်နာရီ နော် Daddy နော်လို့ "

"No. Baby တစ်နာရီပဲ "

"Daddy က ကျန့်ကျန့်ကို မချစ်ဘူး။ အီး ဟီး  ဟင့်..."

"ကလော့ကလန် မလုပ်ရဘူးလေ ပြုတ်ကျမယ် Baby "

"အဟင့် ကျိရန်နဲ့ တိုင်မှာ "

"ပြောတော့  ကျိရန်ကို မခေါ်ဘူးဆို "

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now