Part- 3

5.9K 493 18
                                    

[Zawgyi]
"Dream" University🎓 ဆိုတဲ့ဆိုင်းပုဒ်ရဲ့ အောက်ကိုဝင်လာတဲ့ အနက်ရောင်ကားသုံးစီး။မြင်နေကျ ကျောင်းသား၊ကျောင်းသူတွေကတော့ အထူးအဆန်း မဟုတ်သလို။အဲ့ကားသုံးစီးရဲ့ အလယ်ကကားထဲမှာ ကျောင်းအုပ်ကအစ ဆရာ/ဆရာမတွေအဆုံး အလိုလိုက်ရတဲ့ ကျောင်းရဲ့ VVIP လေးပါတယ်မို့လား။မျက်လုံးနဲ့တောင် စွေမကြည့်ရဲ့တဲ့ ကျောင်းပိုင်ရှင်Wang CEO ရဲ့ရင်နှစ်သည်းချာလေး။ကျောင်းတက်တာ သုံးနှစ်ပြည့်လို့ နောက်ဆုံးနှစ်က သုံးလပြည့်တော့မှာပေမဲ့ အဲ့ VVIP လေးကို ဘယ်သူမှမစရဲကြ။အဲ့လူသားလေး တက္ကသိုလ်စတက်တဲ့ နေ့မှာကျောင်းအုပ်က ရုံးခန်းကဖယ်လိုက်ရတယ်။အဲ့ရုံးခန်းကို VVIP Room ဆိုပြီး ပြောင်းလိုက်တယ်။အကြောင်းအရင်းကတော့ ကျောင်းသားတွေအတွက် နားနေဆောင်က နှစ်ယောက်/သုံးယောက် တစ်ခန်းဆောက်ထားတဲ့ နေရာက ကျဉ်းလို့တဲ့။အဲ့ VVIP Room ထဲမှာ ထမင်းစားစားပွဲအစ ကုတင်အဆုံး ပါတယ်။အဲ့အခန်းက ရှောင်းကျန့်ဆိုတဲ့ VVIP လေးအတွက်ပဲ။ကျောင်းအုပ်ကတော့ ဆရာ/ဆရာမတွေ အတွက်သီးသန့်ထားပေးထားတဲ့ သီးသန့်ခန်းမှာပဲ ပြောင်းထိုင်လိုက်ရတယ်။

အဲဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ရှောင်းကျန့်ကနောက်ဆုံးနှစ်လေ။အဲ့နောက်ဆုံးနှစ်ရဲ့ ပန်းချီမေဂျာအခန်းထောင့်တွေမှာ သက်တော်စောင့်အပြည့်ရှိတယ်။10 ယောက်တည်းမနည်းပဲ။တစ်ခန်းလုံးကို ကာကွယ်ပေးဖို့တော့ မထင်နဲ့။ရှောင်းကျန့်ဆိုတဲ့ လူသားတစ်ယောက်တည်းကို ကာကွယ်ဖို့အတွက်။အဲ့လောက်တောင် ဖြစ်တာအိမ်မှာပဲ သင်ပါလားဆိုတော့လည်း မဟုတ်။အဲ့ VVIP လေးက ကျောင်းတက်ချင်လို့ပါသတဲ့လေ။

အခုလည်း ကားသုံးစီးလုံးရပ်ပြီးတာနဲ့ ဘေးကားနှစ်စီးလုံးက သက်တော်စောင့်တွေက အိမ်ဖော်တွေလို ထမင်းဘူးတွေရယ်၊ရေဘူးရယ် ပန်းချီပစ္စည်းတွေရယ်ကို သယ်ထားရတယ်။အလယ်ကားရဲ့ ရှေ့တည့်တည့်မှာ ဦးညွှတ်ရင်း အသက်နဲ့လဲပြီး ကာကွယ်ရမဲ့သူကို စောင့်နေတယ်။

ကားပေါ်မှာတော့

"ကဲ Baby ကျောင်းရောက်ပြီ"

"အွန်း Daddy love you နော်"

"Love you more Baby "

"မွ..မွ"

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now