Part- 1

13.5K 664 9
                                    

[Zawgyi]
သာယာတဲ့ မနက်ခင်းလေးရဲ့ အစမှာ နေရောင်ခြည်က Wang စံအိမ်ရဲ့ အပေါ်ထပ်တစ်ခန်းက အိပ်စက်နေတဲ့ လူသားနှစ်ဦးစီ ဖြာကျနေတယ်။ခဏအကြာမှာတော့ ဝမ်ရိပေါ်တစ်ယောက်နိုးလာပါရော။ရင်ခွင်ထဲက Baby လေးကတော့ အိပ်မောကျနေတုန်း။ပါးစပ်လေးဟပြီး အိပ်နေလိုက်တာများသိုးလို့။Baby လေးက အရမ်းအအိပ်မက်တယ်။အဲ့လိုအအိပ်မက်တဲ့ Baby လေးကို အနမ်းတွေနဲ့ နှိုးရတာလည်း ရိပေါ်ရဲ့နေ့စဉ်တာဝန်လေးတစ်ခုပင်။ကြာတော့ Baby က အကျင့်ဖြစ်လာတယ်။ရိပေါ်နှိုးမှ ထတတ်ခြင်းပဲ။အခုတော့ မနှိုးပဲ ထားလိုက်ဦးမယ်။Baby ကိုအဝကြည့်မို့။

ဒီနေ့ကကျောင်းပိတ်ရက်မို့ မနှိုးသေးတာဖြစ်သည်။Baby က ကျောင်းပိတ်ရက်ဆို အိမ်မှာပဲနေတာများတော့ စောစောထလေ့မရှိ။ကျောင်းဖွင့်ရက်တောင် မနည်းနှိုးရတာပ။ကျောင်းမတက်ပါတော့နဲ့လား ဆိုတော့လည်း မဟုတ်။ Daddy နဲ့လိုက်ဖက်အောင် ဘွဲ့တော့ရရမယ်တဲ့လေ။တကယ်တွေးတတ်လိုက်တာ လွန်ပါရောလား။နာရီကြည့်တော့ 7:30။မနှိုးချင်သေးတာမို့ ရေချိုးခန်းအရင်ဝင်ကာ ရေချိုးလိုက်သည်။

ကျန့်ကျန့်တစ်ယောက် ထွေးပွေ့ထားသော ရင်ခွင်အောက်မှ လွတ်သည်နှင့် အိပ်မောကျနေရာမှ နိုးလာသည်။မျက်လုံးကို မနည်းဖွင့်ရင်း လက်နဲ့ပွတ်လိုက်တော့ လက်ကိုကိုင်လိုက်သော အထိအတွေ့နဲ့အတူ နှာခေါင်းထဲဝင်လာသော Rose Marie နံ့လေး။ပြီးတော့ ချစ်လှစွာသော Daddy ရဲ့အသံ။

"ကျစ်...Baby ရာ ဘာလို့မျက်လုံးတွေကို ပွတ်နေတာလဲ နာကုန်တော့မှာပဲ"

"Daddy ကလည်း Baby နိုးတော့ Daddy မှမရှိတာကို ဘယ်သွားနေတာလဲဟင်"

မျက်နှာငယ်လေးနဲ့ ဆိုလာတဲ့ယုန်လေးကို ဆွဲဖက်ရင်း ချော့လိုက်သည်။

"Daddy ကရေချိုးနေတာလေဒီနေ့ Sunday ဆိုတော့ Baby အိပ်ပါစေ ဆိုပြီး မနှိုးတာ "

"ဟွန့်.."

တွေ့လား။အဲ့တာ ရှောင်းကျန့်ဆိုတဲ့ Baby ရဲ့အကျင့်။မချော့ခင်တော့ စိတ်ဆိုးဟန်မပြပဲ ချော့မှပိုကောက်တတ်တာ။နှုတ်ခမ်းလေးစူပြီးတော့။

"Yrrrr... Baby နှုတ်ခမ်းက စူနေတာ ကိုက်စားချင်စရာလေး။ မွ..မွ.."

နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းရင်း မျက်နှာတစ်ပြင်လုံးကို လိုက်နမ်းနေသော Daddy ကြောင့် ယားလာသည်မို့

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now