Part- 6

4.7K 363 7
                                    

[Zawgyi]
Cafe ဆိုင်တစ်ဆိုင်ရဲ့ ထောင့်ကျကျစားပွဲဝိုင်းလေးမှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လူသားနှစ်ဦး။အေးစက်နေတဲ့ အခြေအနေကို ဖြိုခွင်းလိုက်တဲ့ ဟောက်ရွှမ်းရဲ့စကားသံ။

"ခုဘယ်လိုလုပ်မလဲ "

Cafe ခွက်ကိုကိုင်ကာ မမြင်ဘူးသလို ကြည့်နေတဲ့ ကျိရန်က ဟောက်ရွှမ်းစက်းသံကြားမှ အသိပြန်ဝင်လာသလို။

"ဘာကိုလဲ"

"မင်းမသိချင်ယောင် မဆောင်နဲ့နော်။ပေါက်စ"

"ဪ ဟိုမာမီတို့ကိစ္စကို ပြောတာလား"

"အင်း"

"ကျွန်တော်တို့တွဲကြည့်မယ် "

"ဘာရယ်"

"ဟုတ်တယ်လေ။မာမီတို့ကို ချစ်သူတွေလို့ ပြောပြီးသားဆိုတော့ လူကြီးနဲ့ကျွန်တော်တွဲကြည့်မယ်။အဆင်မပြေရင် လစ်ပဲ။အာ့ဆို မာမီတို့ကို လိမ်ရာမကျတော့ဘူး"

"ဘယ်သူ့သဘောနဲ့လဲ"

"ရော်...ဒီလူပျိုသိုးနဲ့တော့ ခက်ပြီ။တွဲတာများ ဘာခက်တာကြလို့။စိတ်မပါတော့ရင် ပြတ်ပေါ့"

"ကိုယ်အဲ့လောက်အားယားမနေဘူး လေယာဉ်ချိန် ကျော်သွားပြီနဲ့တူတယ်။ခွင့်ပြုအုံး။"

ပြောပြီးပြီးချင်း စားပွဲဝိုင်းက ထထွက်သွားတဲ့ လူကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။

*ဒီလူကြီးနှယ်တော့ ငါပြောတာဘာများမှားနေလို့လဲ။တွဲပြီး စိတ်မပါရင်ပြတ်ကြတာပဲ ဟာကို

ပြီးတော့ ခင်များကိုလဲ စိတ်ဝင်စားတယ်လူကြီး။

ကျွန်တော့်စိတ်ကို ကျွန်တော်သိချင်တယ်*

ဟောက်ရွှမ်းတစ်ယောက် ကျိရန်ရဲ့စကားတိုင်းက ရင်ကိုဓားနဲ့မွှန်းနေသလိုပင်။

"အပျော်တွဲပြီး စိတ်မပါရင်ပြတ်မယ်ဆိုပဲ။ မင်းဘယ်လိုတောင် ပြောထွက်ပါလိမ့်။ငါကိုက မှားတာမင်းကို စိတ်မဝင်စားခဲ့သင့်ဘူး"

(Side Couple ကိုနည်းနည်းခါးအုံးမယ်နော်။😁😁)

💖💖💖💖💖💖💖💖💖💖💖💖

"Daddy "

"ပြောလေ Baby "

ကုတင်ပေါ်မှောက်လှဲနေရာကနေ စားပွဲမှာထိုင်နေတဲ့ ရိပေါ်ကို စကားလှမ်းပြောနေတဲ့ ရှောင်းကျန့်ရယ်ပါ။

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now