Part- 7🌚

6.4K 342 27
                                    


ကျန့်ကျန့်တို့ Chongqing မှာငါးရက်လောက်နေပြီး ပြန်လာခဲ့ကြတယ်။ကျန့်ကျန့်မွေးနေ့ပွဲ ကျင်းပပေးမယ်ဆိုလို့လည်း စိတ်လှုပ်ရှားနေတယ်။ကျိရန်နဲ့ အကိုဟောက်ရွှမ်းလည်း အဆင်ပြေနေပြီလေ။ကျန့်ကျန့်အောင်သွယ်ပေးလိုက်လို့ပေါ့။အဲ့နှစ်ယောက်က ပွင့်လင်းတာ မဟုတ်ဘူးရယ်။အဲ့တော့ ဒီကမြှားနတ်မောင်ကျန့်ကျန့်လေးက ရေကုန်ရေခမ်းကြိုးစားပြီး အောင်သွယ်ပေးလိုက်ရတာပေါ့။ခုလောလောဆယ်တော့ Daddy ရင်ခွင်ကျယ်ကြီးထဲမှာ တိုးဝင်ရင်း နွေးနွေးထွေးထွေးလေး အိပ်နေတာရယ်။ Daddy ရင်ခွင်က အရမ်းနွေးတာရယ်။

ရိပေါ်တစ်ယောက် ရင်ခွင်ထဲက Baby ကိုငုံ့ကြည့်လိုက်တယ်။ဘာတွေကို သဘောကျနေမှန်းမသိပဲ တခစ်ခစ်ရယ်နေသေးတာ။လေယာဉ်နဲ့ Chongqing ကပြန်လာချင်ပေမဲ့ နှင်းတွေကျနေတာက တစ်ကြောင်းရယ် ရှုခင်းတွေကြည့်ချင်တယ်လို့ ပူဆာနေတဲ့သူလေးကြောင့်ရယ်နဲ့ ကားနဲ့ပဲပြန်လာရတယ်။ကားပေါ်ရောက်ကတည်းက စောင်ထုပ်လိုအနွေးထည်အထပ်ထပ်ဝတ်ပေးထားတဲ့ Baby က ရင်ခွင်ထဲတိုးဝင်ပြီး အိပ်နေပါသတဲ့လေ။

"Wang " စံအိမ်တော်လို့ ရေးထားတဲ့ ခြံဝန်းကြီးထဲ ဝင်လာတဲ့ကားတစ်စီးထံမှာတော့ အချစ်ငှက်တစ်တွဲ ပါလာတာပေါ့။ကားပေါ်ကဆင်းပြီး Baby အလိုကျ ချီပြီးဆင်းလာရတယ်။အိမ်ထဲဝင်ဝင်ချင်း အံ့ဩနေပုံရတဲ့ Baby လေး။စံအိမ်တစ်ခုလုံးကို ငါးရက်နဲ့ အပြီးပြင်ထားပေမဲ့ အရင်ပုံစံနဲ့ မတူဆန်းသစ်နေတာကြောင့်ရယ်။

"Daddy ဒါက"

"Baby စိတ်တိုင်းကျပြင်ပေးထားတာ။သဘောကျလား။"

"အင်း အရမ်းပဲ"

"အွန်း Baby ကြိုက်ရင်ပြီးရော"

"မွမွ"

"ဒါပဲလား"

"ဟင်"

"ဟားး Daddy က ဒီလိုမျိုးကို ပြောတာ"

"အွန့်...အွန်း"

နှုတ်ခမ်းတစ်ခုလုံးကို ငုံပြီးစိတ်ကြိုက်စားသုံးနေတဲ့ Daddy ကြောင့် အသက်ရှူကြပ်လာရော။ရင်ဘတ်ကို ထုမှလွှတ်ပေးတဲ့ Daddy ကိုထိုးလိုက်တယ်။မျက်စောင်းနဲ့။

"ဟွန့်"

"လာ Baby အပေါ်ထပ်ကို သွားရအောင်"

🦁Daddy's Baby 🐰 ( COMPLETED )Where stories live. Discover now