ZAWGYI
" အဲ့ဒီတော့ သားငယ် Tae Hyungက သမက်Jeon
ကို စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းလာခဲ့တယ်ပေါ့ "ဧည့်ခန်းထဲရှိ ဖေဖေ့စကားသံအဆုံး Tae Hyung
ကျုံ့ကျုံ့လေးသာထိုင်နေမိရင်း ခေါင်းကိုငုံ့လိုက်တော့သည်။
ဘေးနားက Jeon Jung Kookဆိုသည့် လူကြီးက
တော့ ဖေဖေ့စကားကိုထောက်ခံရင်း ခေါင်းညိမ့်ပြလို့နေတယ်။"Tae Hyung!"
"ဗျာ.."
ဖေဖေ့ခေါ်သံကြောင့် ခေါင်းအမြန်မော့ကြည့်လိုက်မိတော့
"သမက် Jeonစကားကို နားထောင်ပါတော့ သားရယ်
အဲ့လိုနေရာမျိုးအထိ ရန်ဖြစ်တယ်ဆိုတာ လူကြားလို့လည်း
မကောင်း.. "နောက်ဆုံးတော့ အပြစ်တွေအားလုံးက သူ့ဆီမှာချည်း..။
ဆက်ပြောနေသည့် ဖေဖေ့စကားတွေကိုနားမထောင်ချင်
တော့တာကြောင့် ဘေးနားကလူ့ကိုလှည့်ကြည့်လိုက်မိတော့
ဖေဖေ့ စကားပြောနေတာကိုနားထောင်လေ ဟူသည့်အကြည့်မျိုးနဲ့ ။အမြင်ကပ်စရာကောင်းတာကြောင့် မျက်စောင်းကိုပိတ်ထိုးပစ်
ရင်း နှုတ်ခမ်းကိုသာဆူထားမိတော့သည် ။မိနစ်ပေါင်းများစွာ အပြောခံရပြီးတဲ့အဆုံး ...
"သမက် Jeonက သားလေးရဲ့ကားသော့ကို သိမ်းထား
ပေးလို့ ရမလား..ဒါမှ နောက်ဆိုအပြင်မထွက်နိုင်တော့
အောင်လေ ""ဟုတ်ကဲ့ "
"Tae Hyung သားရဲ့ကားသော့ဘယ်မှာလဲ
သမက်Jeonဆီမှာအပ်ထားလိုက်တော့ "ဘောင်းဘီအိတ်ကပ်ထဲက ကားသော့ကို မနည်း
နှိုက်ယူကာ ဆောင့်ကြီးအောင့်ကြီးဖြင့် ထိုလူ့လက်ထဲသို့
ထိုးပေးလိုက်တော့သည် ။"နောက်ပြီးတော့ ဒီထက်ပိုပြီးတော့သားကို ဆုံးမပေး
ပါဦး သမက်Jeonကိုပဲအားကိုးစရာကရှိတော့.."သမက် Jeon..သမက်Jeon ဆိုတာကြီးပဲ ထပ်ခါထပ်ခါ
ကြားနေရတာ အဆင်မပြေတော့ စိတ်မရှည်စွာနဲ့ပဲ
ဧည့်ခန်းထဲကနေ ခြံပြင်ကိုအမြန်ထွက်လာခဲ့မိတော့သည် ။
