ZAWGYI
ပထမဆုံး စတွေ့တဲ့နေ့မှာပဲ အထက်လူကြီးတစ်ယောက်လို
အမိန့်ပေးသံပါပါ စကားလာပြောဆိုသည့်Jeon Jung Kookဆိုသောလူကို မှတ်လောက်အောင်
ဆွဲထိုးပစ်လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည် ။ငယ်ငယ်ကတည်းက ဖေဖေဆူတာတောင် မခံခဲ့ရတာကို
ဒီလူကြီးနဲ့ကျမှ ဘာလို့လဲ ။တွေးတိုင်းစိတ်ကတိုတိုလာတာကြောင့် ထိုနေ့က အဲ့လူကို
တစ်ခါတည်း ဆွဲထိုးပစ်လိုက်ရင်ကောင်းသား။ဘယ်နှယ့် Kim Tae Hyungကိုမှလာပြီး
ဒီလိုဆက်ဆံနေရတယ်လို့ ။စိတ်ချ ခင်ဗျားကြီးမကြာခင်
Kim Tae Hyungအကြောင်းကို ကောင်းကောင်း
သိစေရမယ်။အားလုံးအရှေ့မှာ ဒီလောက် ကလန်ကဆန်လုပ်ပြ
နေတာတောင် သူကစိတ်မပျက်သွားတဲ့အပြင်
လက်ထပ်ပွဲမငြင်းဖို့တောင် အမိန့်ပေးသွားသေးတယ်။တောက်... ခင်ဗျားလို လူကများ ။
ပထမဆုံးတွေ့မိတဲ့နေ့မှာတင် ထိုလူကိုတော်တော်လေး
စိတ်ပျက်မိတာကြောင့် ဒီမင်္ဂလာပွဲကိုလက်ခံလိုက်လို့
မဖြစ် ။အခုချိန်မှာ အားကိုးစရာဆိုလို့ ဖေဖေပဲရှိတာကြောင့်
အိပ်နေရာကနေ ဆတ်ခနဲ ထကာ ခြေလှမ်းတို့က
ဖေဖေ့အခန်းဆီ အားကိုးတကြီး သွားလိုက်မိသည်။အခန်းရှေ့ရောက်တော့ တံခါးကိုမခေါက်လိုက်ခင်
အခန်းထဲက တစ်စုံတစ်ယောက်နဲ့စကားပြောနေတဲ့
ဖေဖေ့အသံ ။"သားလေး Tae Hyungအတွက် အားကိုးစရာဆိုလို့
သမက်Jeonပဲရှိတာ...တွေ့ခဲ့တဲ့အတိုင်းပဲ သားလေးက
အရမ်းဆိုးတာ လုပ်ငန်းခွင်ထဲဝင်ဖို့ဆိုရင် ဒီပုံစံနဲ့ လုံးဝ
မဖြစ်ဘူး..ပြီးတော့ မိဘစကားလည်းနားမထောင်ပဲ
လုပ်ချင်ရာလုပ်တာ..ဒါကြောင့် သားလေးလိမ္မာလာအောင်
သမက် Jeonကပဲ ပြုပြင်ဆုံးမပေးပါဦး "သေချာနားထောင်ကြည့်တော့မှ ဖေဖေက ဟိုလူနဲ့
ဖုန်းပြောနေတာမှန်း သိလိုက်ရသည်မို့ အချိန်ဆွဲမနေနဲ့
တံခါးကိုအမြန်ဆွဲလိုက်ကာ ဖေဖေ့အခန်းထဲဝင်လိုက်
မိသည် ။
