Episode-5

2.9K 422 61
                                        

ZAWGYI

ကြည်​လင်​​သော​ ရေမျက်​နှာပြင်​အထက်​သို့
ခြေ​ထောက်​ကိုအသာ ထိ​တွေ့ကြည့်​မိ​တော့
လူကတွန့်​ခနဲဖြစ်​သွားသည်​။ရေက​အေးစိမ့်​​နေတာပဲ
ရေကူးမယ်​ဆိုပြီး​​တော့သာ အ၀တ်​အစား​တွေချွတ်​ပြီး
ဘောင်းဘီတစ်​ထည်​ပဲကျန်​​တော့တာကို။အခု​တော့
ဒီ​ရေ​အေး​ကြောင့်​ စိတ်​ကူး​တွေ​ပြောင်းပြီး
အ၀တ်​ပြန်​၀တ်​ရ​တော့မည်​။

"Tae..."

ရုတ်​တရက်​ ကြားလိုက်​ရတဲ့ ဟိုလူ့ရဲ့​ခေါ်သံ ။
ကျွန်​​တော်​ ​ရေကူးကန်​မှာရှိ​နေမှန်း သူဘယ်​လိုသိရပြန်
တာလဲ ။

အ​ပေါ်ပိုင်းအ၀တ်​ဗလာနဲ့သူ့ကိုမြင်​​တော့ တံ​ထွေးအသာ
မြိုချမိသည်​။ဝမ်းဗိုက်​မှာရှိတဲ့ ကြွက်​သားအဖုအထစ်​​တွေ
က ပုံမှန်​ ညဘက်​သူအိပ်​​နေချိန်​ဆို မြင်​​နေကျဆို​ပေမယ့်
အခုလိုမြင်​ရ​တော့ တစ်​မျိုးကြီးဖြစ်​သား။

တဖြည်းဖြည်းနဲ့နီးကပ်​လာတဲ့သူ့​ခြေလှမ်း​တွေက
အနားကို​ရောက်​လာ​တော့ ကျွန်​​တော့်​ကိုမြင်​မြင်​ချင်း
ဟက်​ခနဲ သူရယ်​​မောလို့လာသည်​။
တကယ်​တမ်းလည်း ​နေရခက်​သား သူ့အ​ရှေ့မှာ
တစ်​ခါမှ အကျီ င်္ချွတ်​ပြီးမ​နေဖူးဘူး​လေ ။

ဒါ​ပေမဲ့လည်း အခုချိန်​ထိ သ​ဘောကျစွာရယ်​​မောလို့
နေတဲ့သူ့​ကြောင့်​ နားမလည်​တဲ့မျက်​၀န်း​တွေနဲ့ကြည့်​မိ
တော့ သူကကျွန်​​တော့်​ဗိုက်​ကိုကြည့်​ကြည့်​ပြီးရယ်​​နေတာ။
ဟုတ်​သားပဲ ​ယောကျာ်းချင်းအတူတူ​တောင်​ ကျွန်​​တော်​က
သူ့လိုမရှိဘူး​လေ ။

နည်းနည်း​တော့ သိမ်​ငယ်​မိတာ​ကြောင့်​ ခုံ​ပေါ်မှာတင်​ထား
တဲ့ bathrobeကို အမြန်​ဆွဲဝတ်​လိုက်​သည်​။ထို့​နောက်
ဂရုမစိုက်​သလို သူ့အနားက​နေထွက်​သွားမယ်​လုပ်​​တော့
ကျွန်​​တော့်​လက်​​မောင်းတစ်​ဖက်​ကို သူအမိအရဖမ်းဆွဲလို့
ထားတယ်​။

"ဘယ်​လဲ..​ရေကူးဖို့လာတာမဟုတ်​ဘူးလား "

"ဟုတ်​တယ်​ အခု​တော့စိတ်​​ပြောင်းသွားပြီမို့လို့ "

Unknown Husband Where stories live. Discover now