Episode-6

3K 433 92
                                        

ZAWGYI

ထမင်းစား​နေရာက​နေ ရုတ်​ထရက်​ကြီးစိတ်​ထ​ဖောက်​​သော
Jeon Jung Kookဆိုသည့်​လူ​ကြောင့်​ Company
က​နေအမြန်​ထွက်​လာခဲ့ရတာ အခု​တော့ ဘယ်​ကို
ဦးတည်​ပြီး​လျှောက်​လှမ်းရမှန်းလည်းမသိ။

လာတုန်းက​ သူ့ကားနဲ့လိုက်​ပါခဲ့ရတာ
အခု​တော့ တစ်​​ယောက်​တည်းပြန်​ရပြီ ။
အိမ်​​တော်​ထိန်းကိုဖုန်းဆက်​ပြီး လာ​ခေါ်ဖို့​တောင်
မ​ပြော​ပေး​တဲ့သူ့ကို ကိုယ်​ကလည်းစိတ်​တိုရ​သေးသည်​။
အစကတည်းကဒီလိုပြန်​လွှတ်​မယ်​ဆိုရင်​ ဘာလို့​ဒီအထိ
ခေါ်လာ​သေးလဲ ။

ဒီကြားထဲ လာတုန်းကစူးစမ်းစွာကြည့်​​နေကြတဲ့
ဝန်​ထမ်း​တွေဆိုသည်​မှာလည်း သူတစ်​​ယောက်​တည်း
ပြန်​ထွက်​လာရတာကိုမြင်​​တော့ စပ်​စပ်​စုစု
လိုက်​ကြည့်​ကြ​သေး။

စိတ်​အလိုမကျမှု​ကြောင့်​ လမ်း​ပေါ်မှာမရှိတဲ့ခဲလုံးကို​တောင်
ပိတ်​ကန်​လိုက်​​သေးသည်​ ပြီးမှ တစ်​ဖန်​ပြန်​၀င်​လာတဲ့
ကောင်းတဲ့ အ​တွေးတစ်​ခု။ဒီလို တစ်​​ယောက်​တည်းလွတ်
လွတ်​လပ်​လပ်​အပြင်​မထွက်​ရတာ ဘယ်​​လောက်​ကြာပြီလဲ ။
အခု​နောက်​ပိုင်း ထိုလူကြီး၏ထိန်းချုပ်​မှု​​အောက်​မှာ
ဘယ်​မှမသွားရဘဲ ငြီး​ငွေ့​နေတာ သူ့အဖြစ်​က
လှောင်​အိမ်​ထဲကငှက်​က​လေးတစ်​​ကောင်​လိုပဲ ။

တီ...တီ...တီ...

ပေါ့ပါးတဲ့​ခြေလှမ်း​တွေက ဦးတည်​ချက်​မရှိ
လျှောက်​သွား​နေတုန်း အ​နောက်​က​နေဟွန်းတီး​နေတဲ့
ကား​ကြောင့်​ လှည့်​ကြည့်​မိ​တော့ကားအဖြူ​လေးတစ်​စီး။

"ဟိတ်​​ကောင်​!Tae Hyung တစ်​​ယောက်​တည်းလား"

ကားမှန်​ချလိုက်​​တော့မှ မြင်​လိုက်​ရတဲ့မျက်​နှာ​လေးက
ကမ္ဘာ​ပေါ်မှာနှစ်​​ယောက်​မရှိတဲ့ ​ကောင်းတူဆိုးဖက်
သူငယ်​ချင်းကြီး Park Jimin ။ကားတစ်​စီးနဲ့
လွတ်​လွတ်​လပ်​လပ်​ ​လျှောက်​သွား​နေတဲ့ Jiminကို
ိုမြင်​​တော့သူအားကျမိပြန်​သည်​။အိမ်​​ထောင်​မကျခင်​တုန်း
ကဆို သူ့ဘ၀ကPark Jiminလိုပဲ အခုများ​တော့
အဆူခံလိုက်​ရမယ့်​ဖြစ်​ခြင်း ။

Unknown Husband Where stories live. Discover now