Episode-7

2.9K 456 50
                                        

ZAWGYI

"Jeon Jung Kook!!
ခင်​ဗျားနဲ့မြန်​မြန်​ကွာရှင်းချင်​တယ်​ "

ဒီထက်​ပိုပြီး မခံစားနိုင်​​တော့ ၊စိတ်​ထဲမှာရှိတဲ့
ထိုစကားကိုသာ ​အော်​ဟစ်​ပြီး​ပြောဆိုပစ်​လိုက်
တော့သည်​ ။ ထိုအခါမှ ထစ်​ခနဲ မျက်​နှာပျက်​သွားတဲ့
Jeon Jung Kookနဲ့ အနားတစ်​၀ိုက်​မှာရှိ​နေတဲ့
အ​စေခံ​တွေကပါ ကျွန်​​တော့်​စကားကိုကြားပြီး
ထိတ်​လန့်​သွားကြဟန်​။

မတတ်​နိုင်​ဘူး အခု​တော့ထိုလူနဲ့ ကွာရှင်းချင်​တာ
ကျွန်​​တော့်​ရဲ့ဆန္ဒတစ်​ခုပဲ ။ဒီလိုထိန်းချုပ်​မှု​တွေကြား
က​နေ မြန်​မြန်​​လေး လွတ်​​မြောက်​သွားချင်​ပြီ ။

ထိုလူ့မျက်​နှာကိုလည်းထပ်​ပြီးမမြင်​ချင်​​တော့တာမို့
ခြေလှမ်းကြဲကြဲနဲ့အိမ်​အ​ပေါ်ထပ်​ကို​ပြေးတက်​လာရင်း
အိပ်​ခန်းထဲ​ရောက်​မှ တံခါးကို ဒုန်းခနဲ အသံကျယ်​ကျယ်
မြည်​​အောင်​ ​ဆောင့်​ပိတ်​ပစ်​လိုက်​သည်​။ထိုအခါမှ
ထိန်းချုပ်​လို့မရ​တော့​သော မျက်​ရည်​​များ​ကြောင့်
အိပ်​ယာအထက်​ မျက်​နှာအပ်​ရင်းငို​ကြွေးမိ​ပြန်​သည်​။

အရင်​ကထင်​ခဲ့တာ ကျွန်​​တော်​သာဒီလို​တွေလုပ်​ရင်
အဲ့လူစိတ်​ပျက်​ပြီး ​နောက်​ဆုတ်​သွားမလား​ပေါ့ ။
အခု​တော့ ထင်​သလိုမဟုတ်​တဲ့အပြင်​ အတင်းအကြပ်
ကို ချုပ်​​နှောင်​ထား​တော့တာပဲ ။သူအဲ့လို​တွေလုပ်​ရ​အောင်
ကျွန်​​တော်​က က​လေးလား? တစ်​ခါတစ်​​လေဆို
သည်းခံလို့ရရင်​ရမယ်​ အခုလို​နေ့တိုင်းကြီးကျ​တော့
ကျွန်​​တော်​စိတ်​မဆင်းရဲဘဲ​နေမလား ဟမ်​။

"က​လေးမှာ ဘာစိတ်​ညစ်​စရာရှိလဲ
ကိုယ့်​ကို​ပြော..ခုနကလိုစကား​မျိုးတော့မ​ပြောသင့်​ဘူး"

ကျွီခနဲပွင့်​လာတဲ့တံခါးနဲ့အတူ ထိုလူကြီးဆီက
ထွက်​လာတဲ့စကားသံ ။

ဘာစိတ်​ညစ်​စရာရှိလဲတဲ့ ခင်​ဗျားမို့​မေးရက်​တယ်​..
ခင်​ဗျား​ကြောင့်​ ကျွန်​​တော်​အချုပ်​ခန်းထဲ တစ်​ည
အိပ်​လာရတာလို့​ဖြေရင်​ ရှက်​စရာ​များကောင်းသွား
လိမ့်​မလား။

Unknown Husband Where stories live. Discover now