Episode-3

3.1K 502 53
                                        

ZAWGYI

"ဟဲ့ ​သူက သခင်​​လေးJeonနဲ့လက်​ထပ်​ထားတာ
ဟုတ်​​ရောဟုတ်​ရဲ့လား "

"ငါ​တော့မထင်​ဘူး​နော်​ ခစ်​ခစ်​ ...
သူကဘာလို့ဆိုဖာ​ပေါ်လာအိပ်​​နေတာလဲ "

အိပ်​​နေရင်းမှ နားထဲကိုကန့်​လန့်​ဖြတ်​၀င်​လာတဲ့
မိန်းက​လေးနှစ်​ဦး၏ ​စကားသံ​ကြောင့်​ မျက်​လုံးတို့ကို
အသာ​လေးဖွင့်​ကြည့်​မိသည်​။ပြော​နေ​သောစကားရဲ့
အဓိပ္ပာယ်​များနဲ့အတူ ထိုမိန်းက​လေးတို့၏အကြည့်​များက
ကျွန်​​တော့်​ဆီကိုကျ​ရောက်​​လို့​နေတာမို့ ချက်​ချင်းနားလည်
သ​ဘော​ပေါက်​ကာဆက်​မအိပ်​​တော့ဘဲ ဆတ်​ခနဲထထိုင်
လိုက်​မိ​တော့သည်​။

အိပ်​​နေရာက​နေ ရုတ်​တရက်​ကြီး နိုးလာ​တော့
ထိုမိန်းက​လေးနှစ်​ဦး၏ပုံရိပ်​က အံ့သြ​ကြောက်​ရွံ့ခြင်း
အဖြစ်​သို့ ချက်​ချင်း​​ပြောင်းလဲသွားသလို ၀တ်​ထားတဲ့
အ၀တ်​အစားကိုကြည့်​ပုံအရ​တော့ အိမ်​မှာအလုပ်​လုပ်​မယ့်
အ​စေခံမ​လေး​တွေပင်​။

ဒီ​နေ့မှပထမဆုံး​နေ့ပဲရှိ​သေးတယ်​ သခင်​ကိုသခင်​မှန်းမသိ
စောက်​တင်းတုတ်​တတ်​​​နေတာ ။ ဒီလိုဟာမ​တွေကိုအိမ်​မှာ
အလုပ်​ခန့်​ထားမှ​တော့  မနက်​​စော​စောစီးစီး ကျက်​သ​ရေ
တုံးပြီ​ပေါ့ ။

"မင်းတို့​တွေ အင်း..15မိနစ်​အတွင်း မနက်​စာပြင်​ထား
အခုချက်​ချင်းပြန်​လာခဲ့မယ်​ မပြီး​သေးလို့က​တော့
ငါအကုန်​လုံးကိုအလုပ်​ထုတ်​ပစ်​မယ်​ "

အမိန့်​သံပါပါနဲ့ အတည်​​ပေါက်​ကြီး​ပြောချလိုက်​​တော့
တုန်​လှုပ်​သွား​သောအ​စေခံတစ်​ချို့နဲ့အတူ
ထွက်​​ပေါ်လာ​သော အာ​မေဋိတ်​အသံ​တွေကို
နားထဲမှာ ကြားလိုက်​ရသည်​ ။

15မိနစ်​အတွင်း ဘယ်​လိုပြင်​ဆင်​ရမလဲတဲ့​လေ ...
ူသူတို့ဘာသာ ဘယ်​လိုပြင်​ပြင်​ စိတ်​မ၀င်​စားဘူး ။
Tae Hyungအ​ကြောင်းကိုမသိ​သေးလို့
လာစမ်း​နေတာ အခု​တော့​ကောင်း​ကောင်း​လေး
ပညာ​ပေးပြမယ်​ ။နောက်​ 15မိနစ်​​နေရင်​ ​တွေ့ကြ​သေး
တာ​ပေါ့ အဟင်း ။

Unknown Husband Where stories live. Discover now