ZAWGYI
အပြင်မှာဆက်တိုက်ရွာနေတဲ့မိုးကြောင့် ချမ်းစိမ့်စိမ့်
မနက်ခင်းတစ်ခုဟာ အိပ်ယာကမနိုးထချင်အောင်
ဆွဲဆောင်လို့နေတယ်။ တစ်ကိုယ်လုံး အေးစက်စက်ဖြစ်
လာတာမို့ ခန္ဓာကိုယ်ပေါ်ခြုံထားတဲ့စောင်ကိုစမ်းကြည့်
တော့ ရှိမနေ ။မပွင့်သောမျက်လုံးတစ်စုံက စောင်ကိုလက်နဲ့
ဟိုစမ်းဒီစမ်းလုပ်နေမိရင်းက ရှာမတွေ့တဲ့အဆုံး
ဘေးနားကဖက်လုံးကြီးကိုသာ အားပါပါဆွဲဖက်လို့
ထားမိသည်။သတိထားမိသည်က ခန္ဓာကိုယ်တစ်လုံးက ဖက်လုံးထဲကို
ဝင်နစ်နေသလို လေ၀င်လေထွက်ခပ်နွေးနွေးက
ပါးပြင်အထက်သို့ရိုက်ခတ်လို့နေတာမို့ မဖွင့်ချင်သော
မျက်လုံးတစ်စုံက ဖွင့်ကြည့်လိုက်သည့်အခါ မှေးစင်းနေဆဲ
မျက်ဝန်းတွေက ၀ိုင်းစက်လို့သွားတော့သည်။လူတစ်ကိုယ်လုံးက အကျီ င်္ဗလာကျင်းနဲ့သူ့ရင်ခွင်ထဲမှာ
နစ်မြှုပ်လို့နေသလို သူ့နှာဖျားလေးကကျွန်တော့်ပါးပြင်
နဲ့တောင် ထိကပ်လို့နေပြီ။ဘယ်လိုအခြေအနေမျိုးကြီးလဲ ။
ဝင်လာတဲ့အသိစိတ်တစ်ချို့ကြောင့် ထိုလူ့ရင်ခွင်ထဲကနေ
ကျွန်တော် အလန့်တကြား ကုန်းထမယ်လုပ်တော့
ပိုမိုတင်းကြပ်စွာ တိုးဖက်လာတဲ့သူ့လက်တွေနဲ့အတူ
ထိန်းမရတဲ့အရှိန်ကြောင့် သူ့ကိုယ်ပေါ်ကျွန်တော်
မှောက်လျက်သား ပိကျလို့သွားတယ်။အားယူပြီးထလေ သူ့လက်တွေကပိုပြီးတင်းကြပ်စွာ
ဖက်လာလေမို့ နောက်ဆုံးမှာအရှုံးပေးရတာကျွန်တော်။ထိုအခါမှ ခပ်ကျဲကျဲရယ်သံတိုးတိုးနဲ့အတူ မျက်လုံးတွေ
ဖွင့်လို့လာတဲ့ သူ့ကိုမြင်တော့ ကျွန်တော်ကြောင်အမ်းအမ်း
ဖြစ်လို့သွားတာ အမှန်ပင်။ဘာလဲ ဒီလူအစောကြီးကတည်းကနိုးနေတာလား။
"အားလည်းမရှိဘူး ဟားဟား -"