" ပညာတော်တဲ့ ကျောင်းသားလေး "
မိဘတွေက ကလေးတွေကို သင်ယူစရာတွေထဲမှာပဲ ပိမနေစေချင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့လည်း မကြာခဏထိတွေ့ပေးခဲ့တယ်။
မူလတန်း တက်ရတော့မယ်ဆိုတော့ မိဘတွေက ညီအစ်ကိုနှစ်ယောက်ကိုခေါ်ပြီး ဂျယ်ဂျူးကျွန်းကို အလည်ထွက်ခဲ့ကြတယ်။ အဲဒီမှာ Hyun Joong က
သူ့ကိုအနား အကပ်မခံတဲ့ မြင်းကြီးကို ရအောင်စီးနိုင်ခဲ့လို့ လူတွေက တအံ့တဩ ချီးကျူးခဲ့ကြတယ်။ ပိတ်ရက်တိုင်း ညီအစ်ကိုနှစ်ယောက်ကို ခေါ်ပြီး
ငါးမျှားလည်း ထွက်ခဲ့ကြလို့ Hyun Joong ဟာ အဆိုတော်ဖြစ်လာပြီးနောက်ပိုင်းမှာလည်း အလုပ်ကိစ္စကြောင့် စိတ်ဖိစီးမှုတွေများတဲ့အခါ
တစ်ယောက်တည်း ငါးမျှားထွက်တဲ့အကျင့်လေး စွဲနေခဲ့တယ်နဲ့ တူပါတယ်။မူလတန်းစတက်ကတည်းက Hyun Joong မှာ Multi telent တွေ ရှိတာ သိသာလာခဲ့တယ်။ သင်္ချာပုစ္ဆာတွေကို မြန်မြန်ဆန်ဆန် အဖြေထုတ်နိုင်သလို၊
ပန်းချီမှာလည်း ထူးချွန်တဲ့ ကလေးဖြစ်ခဲ့တယ်။ စကားလုံးအသစ်တွေကိုလည်း သိလွယ်၊မှတ်လွယ်၊ ပြောလွယ်လို့ အစ်ကိုဖြစ်တဲ့သူက သူ့ဆီက အမြဲပြန်
သင်ရတယ်။ Hyun Joong ကတော့ စာမှာလည်း ထူးချွန်သလို၊ အဲဒီခေတ်အခါက ကလေးတွေကစားတဲ့ ကစားနည်းမျိုးစုံကိုလည်း ကစားဖူးခဲ့တဲ့
ကလေးဖြစ်ခဲ့တယ်။ဒုတိယတန်းရောက်တဲ့အခါ Hyun Joong ဟာ သူ့အတန်းထဲမှာ အတန်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ သူလုပ်ရမယ့်ကိစ္စတွေကို စေ့စေ့စပ်စပ်လုပ်တယ်။
မနက် ၆ နာရီ နှိုးစက်က အသံမမြည်ခင် သူနိုးနေတတ်ပြီး အိမ်စာတွေကို တစ်ယောက်တည်းလုပ်တယ်။ မိဘတွေက ကျောင်းကိုလိုက်သွားတိုင်း
ဆရာ/ဆရာမတွေက Hyun Joong ကိုချီးကျူးတဲ့စကားသံတွေချည်း ကြားရတာပေါ့။ " Hyun Joong ဟာ သင်လွယ်၊ တတ်လွယ်တယ်။ ဒီပုံစံအတိုင်း
ဆက်သွားရင် Seoul တက္ကသိုလ်ကို သေချာပေါက် ဝင်နိုင်လိမ့်မယ် " လို့ပြောခဲ့ကြတယ်။ အဲဒီအချိန်အထိတော့ မိဘတွေက သူ့ကို ပညာရေးနဲ့ပဲ
ထူးချွန်အောင်မြင်လာလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ အဆိုတော်ဖြစ်လာလိမ့်မယ်လို့ နည်းနည်းမှတောင် မတွေးမိခဲ့ကြဘူးပေါ့။Hyun Joong ဟာ ဒုတိယတန်းကနေ စတုတ္ထတန်းအထိ သင်္ချာအိုလံပစ်ပြိုင်ပွဲတွေ ဝင်ခဲ့တယ်။ ရွှေတံဆိပ်တွေအမြဲရပြီး သူသိမ်းထားတဲ့ ဆုတံဆိပ်တွေဟာ
သေတ္တာလေးထဲမှာအပြည့်ပေါ့။ အတန်းထဲမှာလည်း အမြဲပထမရပြီး၊ တစ်ကျောင်းလုံး အနေအထားနဲ့ဆိုရင် ပထမ ဒါမှမဟုတ် ဒုတိယအမြဲရတဲ့ ကလေးလေး
ဖြစ်ခဲ့တယ်။မိဘတွေက သူ့ကို အပြင်ကျူရှင်တွေလည်း ထားပေးခဲ့သလို၊ တရုတ်စာလုံး လက်ရေးလှရေးတဲ့ သင်တန်းကိုလည်း ပို့ခဲ့တယ်။ ကျူရှင်နဲ့ သင်တန်းတွေမှာလည်း
အမြဲ ပထမရခဲ့ပြီး မူလတန်းမှာကတည်းက တရုတ်စာသင်တန်း level-3 ကို certificate ရသွားပြီပဲဖြစ်တယ်။ ကျူရှင်ဆရာက Hyun Joong ဖြေဆိုအောင်မြင်
သွားတဲ့ အတန်းဟာ အလယ်တန်းကျောင်းသားတွေတောင် အောင်ဖို့မလွယ်တဲ့ သင်တန်းဖြစ်ကြောင်းပြောတော့ မိဘတွေ အရမ်းအံ့ဩသွားခဲ့ရတယ်။အလယ်တန်းရောက်တဲ့အခါလည်း အတန်းထဲမှာ အမြဲပထမရသလို တစ်ကျောင်းလုံးမှာလည်း စတုတ္ထအမှတ်အမြင့်ဆုံးနဲ့ စာမေးပွဲအောင်တဲ့အခါ သူ့ဖေဖေက
နည်းနည်းစိုးရိမ်စပြုလာတယ်။ သားက ပညာရေးမှာ ထူးချွန်လွန်းနေတယ်။ ဒီလိုနဲ့ သားရဲ့ ဦးနှောက်ဟာ စာတွေနဲ့ အနားမရမှာ စိုးလာတယ်။ အဲဒီလိုနဲ့
ဦးနှောက်ဆေးဖို့ဆိုပြီး ဂစ်တာလေး ဝယ်ပေးခဲ့တယ်။ အဲဒီအချိန်ကစလို့ Hyun Joong ရဲ့ဘဝဟာ လုံးဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။Admin-Eve
