" မုန်လာဥဖြူလေး ကျောင်းမနေခင် ဘဝ "

5 0 0
                                    

တစ်နေ့ Kim Hyun Joong မေမေက အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ သူက လမ်းကလေးအတိုင်း လမ်းလျှောက်နေတုန်း
မုန်လာဥဖြူတွေအပြည့်တင်ထားတဲ့ ကားကြီးက ဘေးက ဖြတ်သွားတယ်။ မုန်လာဥလိုချင်တာမို့လို့ ကားနောက်က အပြေးလေး
လိုက်သွားတော့ တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးတဲ့ မုန်လာဥကြီးတစ်ဥက ကားပေါ်က ပြုတ်ကျလာတယ်။ အဲဒီမှာ ခါးစည်း
ရှေ့ဖုံးနဲ့ ခံပြီး ဖမ်းလိုက်တယ်။ အဲဒီအချိန်မှာပဲ အိပ်ယာက နိုးလာတယ်။ ကိုယ်ဝန် နိမိတ်ပြအိပ်မက်လို့ထင်တဲ့အတွက် နောက်နေ့ ဆေးရုံသွားတော့
ဆရာဝန်က " Congratulation ပါ။ ခင်ဗျားမှာ ကိုယ်ဝန် ရှိနေပြီ " လို့ပြောတယ်။ တကယ်တော့ Hyun Joong ရောက်လာချိန်မှာ
သူ့အစ်ကို Young Joong က တစ်နှစ်တောင် မပြည့်သေးဘူး။ အဲဒီအတွက် ဆရာဝန်က မိခင်မကျန်းမာမှာ စိုးတဲ့အတွက်
ဒီကိုယ်ဝန်ကို မယူခိုင်းဘူး။ သူတို့နိုင်ငံမှာတော့ အဲဒီလို ကလေးနှစ်ယောက် အရမ်းနီးနေတဲ့အခါ ကိုယ်ဝန်အားနည်းတာမျိုးဖြစ်တဲ့အတွက်
တရားဝင် ဖျက်ချခွင့်ရှိတယ်။ ဒါပေမယ့် သူ့မေမေက သူ့ကို ဒီလောကထဲ ရောက်လာစေခဲ့ပါတယ်။

Hyun Joong က မှောက်တတ်ရာက ထိုင်တဲ့အဆင့်ကို တစ်ယောက်တည်း ကြိုးစား ပြီး ရသွားခဲ့တယ်။ ဒါပေမယ့် ထိုင်ရာကနေတော့
လေးဘက်မသွားတတ်ခဲ့ဘူး။ မိဘတွေကတော့ ဒီပုံစံအတိုင်းဆိုရင် လမ်းလျှောက်တတ်ဖို့ ကြာလိမ့်ဦးမယ်လို့ ထင်ကြပြီး စိတ်ပူခဲ့ကြတာပေါ့။ဒါပေမယ့်
တစ်ရက်တော့ မိဘတွေအံ့ဩသွားအောင် သူလုပ်ခဲ့တယ်။  လေးဘက်မသွားတော့ဘဲ မတ်တပ်ရပ်ပစ်လိုက်တယ်လေ။ သူ
အသက် ၉ လမှာ စပြီး လမ်းလျှောက်တတ်ခဲ့တယ်။

Hyun Joong က ကလေးဘဝကတည်းက အိမ်နီးချင်းတွေကြားမှာ နာမည်ကြီးခဲ့တယ်။ မျက်လုံးလှတဲ့ ကလေးလေးဆိုပြီးတော့ပေါ့။
Hyun Joong အသက် တစ်နှစ်ပြည့်တဲ့အခါ မိဘတွေက သူတို့ ရိုးရာအတိုင်းဆန်မုန့်တွေလုပ်ပြီး အိမ်နီးချင်းတွေကို ဖိတ်ကျွေးတယ်။Toljabee ပွဲ
( ကလေးကို ပစ္စည်းလေးတွေချပြထားပြီး ရွေးခိုင်းတဲ့ ရိုးရာ) မှာ မိဘတွေက စာအုပ်နဲ့ခဲတံကို တမင်တကာပဲ သူ့ရှေ့တည့်တည့် လက်လှမ်းမီတဲ့နေရာမှာ
ချပေးထားခဲ့တယ်။ မိဘတွေက ပညာရေးဘက်ပဲ လိုက်စေချင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် သူကတော့ မလှမ်းမကမ်းမှာရှိနေတဲ့ စုတ်တံကို ရွေးခဲ့တယ်။
သူ့ဘဝအတွက် အနုပညာကိုရွေးချယ်ဖို့က အဲဒီအချိန်ကတည်းက နိမိတ်ပြနေခဲ့တယ် ထင်ပါရဲ့။

Hyun Joong မိဘတွေ ကြင်စဦးကတည်းက နေခဲ့တဲ့ ရပ်ကွက်လေးက SongpaGu Olympic ပန်းခြံနားမှာရှိတယ်။
သူ့မေမေက သူနဲ့ သူ့အစ်ကိုကို ကစားဖို့ ပန်းခြံထဲလိုက်ပို့လေ့ရှိတယ်။ကလေးနှစ်ယောက်လုံးက ပန်းခြံသွားရင် ပျော်တာမို့ မကြာခဏလိုက်ပို့တတ်တယ်။
စနေ၊ တနင်္ဂနွေမှာတွေဆိုရင် အဆိုတော်တွေလာပြီး ဖျော်ဖြေတဲ့ပွဲတွေ ရှိတယ်။ တစ်ရက်တော့ "Seo Tai-ji and boys" ရဲ့ "I Know" ဆိုတဲ့ သီချင်း
ဖျော်ဖြေနေတဲ့အချိန်မှာ Hyun Joong ကစားနေရာက ရုတ်တရက်ပျောက်သွားခဲ့တယ်။ သူ့မေမေလည်း စိတ်ပူပြီး ပန်းခြံထဲမှာလိုက်ရှာတာပေါ့။
အဲဒီမှာ အဆိုတော်တွေ ဖျော်ဖြေနေတဲ့ stage စင်ပေါ်အထိတက်ပြီး ကြည့်နေတဲ့ Hyun Joong ကိုတွေ့ရတယ်။  တစ်ခါလည်း stage ပေါ်ပြေးတက်ပြီး
အဆိုတော်တွေနဲ့အတူတူ ကနေလေရဲ့။ အဆိုတော်အဖွဲ့ကလည်း သူ့ကိုချစ်လို့ထင်ပါတယ်။ စင်ပေါ်မှာ သူနဲ့အတူတူ ဂိမ်းတွေကစားတော့
Hyun Joong က ရယ်မောပျော်ရွှင်နေခဲ့တာ။ သူ့မေမေကတော့ နောက်ပိုင်း သူအဆိုတော် ဖြစ်လာတော့မှ အဲဒီအကြောင်းလေးတွေ ပြန်တွေးမိပြီး
Hyun Joong က ငယ်ငယ်ကတည်းက တစ်ခြားကလေးတွေနဲ့ မတူတာကို သတိထားမိခဲ့ပါတယ်တဲ့။

Some Facts Of Kim Hyun Joong (About Allien)Where stories live. Discover now