Fan Girl's feeling 🙂

3 0 0
                                    

လောကမှာ ရူးကြောင်ကြောင် အနိုင်ဆုံးလူသားတွေကို ပြပါဆိုရင်တော့ Fan Girl တွေကို လက်ညှိုးထိုးမိမှာပါပဲ။
ကိုယ့်ကို မသိတဲ့ လူတစ်ယောက်အတွက် ဘဝတစ်ခုလုံး ရင်းထားကြသူတွေရှိတယ်။ ချစ်သူတောင် မထားနိုင်သူတွေ၊
အိမ်ထောင်ပြုဖို့တောင် စိတ်ထင့်နေတဲ့သူတွေ၊ တစ်ချို့လည်း ခပ်ဆိုးဆိုး မိန်းကလေးဘဝကနေ Idol ကြောင့် လိမ္မာသွားသူတွေ၊
Idol ကြောင့် အခုထက် ပိုတော်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ခဲ့သူတွေ....။ မြန်မာ တစ်နိုင်ငံတည်းလည်းမဟုတ်ဘူး။
တစ်ကမ္ဘာလုံးမှာဖြစ်နေတာ ဒါလည်း ကပ်ရောဂါတစ်ခုပဲလား။

အက်ဒမင်ကတော့ အမှန်အတိုင်းပြောရရင် သူ့ ပရိတ်သတ်မဟုတ်ခဲ့ဘူး။ သူ့အခက်ခဲဆုံးအချိန်မှာမှ သူ့ပရိတ်သတ်ဖြစ်လာခဲ့တာ။
ဒါလည်း ကိုယ့်အတွက် ကံကရေးတဲ့ စာမျက်နှာပဲ နေမှာပါ။ သူ့ဆီကို ကိုယ့်စိတ်ရောက်သွားချိန်ကစပြီး သူနဲ့အတူ မြုပ်ချည် နစ်ချည်ပါပဲ။
အက်ဒမင်တွေ အချင်းချင်းတော့ ပြောဖြစ်တယ်။ သူအားလုံး အဆင်ပြေသွားရင် သူ့နားမနေတော့ဘူး။ သူလည်း တစ်ချိန် မိန်းမယူမှာပဲ။
ငါလည်းငါ့ဘဝ ငါလျှောက်ရမယ်၊ အဝေးကပဲ ကြည့်နေတော့မယ်၊ သူ့ကိစ္စတွေအတွက် ခေါင်းရှုပ် မခံတော့ဘူး၊ ဘာညာ ပြောဖြစ်တာပဲ။
တကယ်တော့လည်း ဖြစ်မလာလောက်ဘူး ထင်ပါရဲ့။

တစ်ခါတစ်လေလည်း Idol နဲ့ Fan ကြားက ဆက်သွယ်မှုက ထူးဆန်းတယ်။မနေ့တစ်နေ့ကပဲ သူနဲ့ ဂျန်းဒီရဲ့ မင်္ဂလာဆောင်ပုံလေး တင်မလို့လုပ်ပြီး
ဓာတ်ပုံရွေးပြီးကာမှ စိတ်ထင့်ပြီး မတင်ဖြစ်ခဲ့တာမျိုး။ အဲဒီနေ့ကပဲ နံရံမှာကပ်ထားတဲ့ ပုံလေး လျှောကျသွားခဲ့တာမျိုး.....။ ဒီနှစ်ပိုင်းတွေ
အထူးသဖြင့် ၂၀၂၁ နှောင်းပိုင်းပေါ့။ သူ့ကိုကြည့်ရတာ အရင်နဲ့မတူဘဲ ပျော်ရွှင်နေတာ မြင်ရတယ်။ အရင်လို သူမျက်လုံးတွေက အပြစ်ကင်းကင်း
ရယ်မောနေတာ ပြန်တွေ့လာရတယ်။ စိတ်ချမ်းသာတာက သပ်သပ်၊ စိတ်ထင့်လာတာက သပ်သပ်။ အက်ဒမင်ကတော့ သူရယ်နေတိုင်း
မိန်းမယူတော့မယ်ချည်း ထင်နေတာပဲ။ အချင်းချင်းတော့ စဖြစ်ကြတယ်။ ရုပ်က ရည်းစားရှိနေတဲ့ရုပ် တွေ့လား။ ဆယ်ကျော်သက် ရည်းစားရသလို
ပုံစံ ဘာညာ ပြောဖြစ်တယ်။

အရာ အားလုံးအတွက် အချိန်တွေ အများကြီးယူပြီး ပြင်ဆင်ထားခဲ့တယ်။ မနေ့ကတော့ အက်ဒမင် ကျောက်ရုပ်လိုဖြစ်သွားတာပါ။
ဝမ်းမနည်းသလို ဝမ်းလည်းမသာဘူး၊ ငိုလည်း မငိုခဲ့ဘူး၊ စိတ်ထဲမှာ အရာအားလုံးက Blank ပါပဲ။ ဘာခံစားရမှန်းကို မသိခဲ့တာ။
ဒီမနက်တော့ သူ့ကို မင်္ဂလာဝတ်စုံနဲ့ မြင်ချင်လာတယ်။ ပွဲမလုပ်ဘူး မီဒီယာမှ မပြဘူးဆိုတော့လည်း ဘယ်လိုလုပ်ရပါ့။ အတွဲလိုက် မမြင်ရတာပဲ
ကံကောင်းတာလားဘာလား။
ဘာပဲ ဖြစ်ဖြစ်လေ.......
အက်ဒမင် ဆုံးဖြတ်လိုက်တယ်။
အဖေမရရင် သားပေါ့။
သားလေးမွေးပါစေ လို့ ။ 😆😆😆

(အဆုံးကျမှ ပေါသွားသော အက်ဒမင်) 😁
အားလုံးကို စိတ်ပျော်စေချင်လို့ပါ။ 🥰🥰
အက်ဒမင်တို့အားလုံး သူ့ကို ပျော်စေချင်တာပဲလေ။ သူပျော်နေပြီပဲ။ အားလုံးဒီလိုပဲ နေသားပြန်ကျသွားမှာပါ။
ဖိုက်တင်း...။ 😘

Photo Crd as Logo

Some Facts Of Kim Hyun Joong (About Allien)Where stories live. Discover now