သို့.......ချစ်ရပါသောအစ်ကို

3 0 0
                                    

ဘယ်လိုပဲပြောပြော မီဒီယာကနေမှတဆင့် သိလိုက်ရတာမဟုတ်ပဲသူကိုယ်တိုင် Heneciaတွေကို အရင်ဦးဆုံးနဲ့ တိုက်ရိုက် အသိပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။

"အစ်ကိုရေ ...တကယ့်ကို စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။ Congratulations ပါ။ အစ်ကို့ရဲ့ Best Friendဖြစ်ပြီး အရင်ကတည်းက အနားမှာရှိပေးရင်း အင်အားဖြစ်စေခဲ့တဲ့ ကောင်မလေးလို့ ကြားမိတော့ တကယ်ကို ဝမ်းသာမိပါတယ်။ အစ်ကိုလည်း တကယ်ချစ်တဲ့ကောင်မလေးမလား^‿^။ သူလည်း အစ်ကို့ကို ချစ်မြတ်နိုးမှာပဲလို့ယုံကြည်ပါတယ်။

အိမ်ထောင်ရေးအဆင်ပြေပြီး သားသားမီးမီးတွေနဲ့ ပျော်ရွှင်စရာ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။ကလေးချစ်တတ်တဲ့ အစ်ကိုတစ်ယောက် ကိုယ့်ရင်သွေးလေးသာဆိုဘယ်လောက်တောင်ချစ်လိုက်မလဲ။ အမျိုးသမီးကိုလည်း အကြာကြီး ဝှက်မထားနဲ့နော် ၊ဒီညီမတွေနဲ့ မိတ်ဆက်ပေးပါဦး။ ဖြစ်နေတဲ့ ကပ်ဆိုးကြီးကိုလည်း ကျော်လွှားနိုင်ပါစေ ။ အင်း....အစ်ကို့အတွက် ဆုတောင်းစကားကတော့ ဒါပါပဲ ။

ကြားကြားချင်း ချက်ချင်း Congrats မလုပ်လို့ စိတ်မဆိုးဘူးမှတ်လား ဟဲဟဲ ၊ နည်းနည်းတော့ ဂျေဝင်ပြီး စိတ်ကောက်သွားလို့ပါ အစ်ကိုရယ်။

ကောင်မလေးရေ အများကြီး ယုံကြည်ထားတာမို့ တို့ရဲ့ အစ်ကိုကို ဂရုစိုက်ပေးပါဦး ။ ချစ်တယ်နော်။"

သူအရှုတ်အထွေး‌တွေ ကို ဖြေရှင်းနေရကတည်းက  သူ့ကိုကြည့်ပြီး အရမ်း စိတ်ဆင်းရဲခဲ့တာ ၊
အဲဒီကတည်းက  ဒီလူသားလေး သူချစ်တဲ့သူနဲ့ အဆင်ပြေပါစေ၊သူ့ကို နင်းချေဖျက်ဆီးမယ့်သူနဲ့ ထပ်မတွေ့ရပါစေနဲ့၊ သူချစ်တဲ့အမျိုးသမီးမှန်ရင် ငါတို့ လက်ခံနိုင်ရမယ်၊ လက်ခံပေးမှာမို့လို့ သူ့အပေါ်ကောင်းပေးပါ ဆိုပြီး တစ်ချိန်သူ့အမျိုးသမီးဖြစ်လာမယ့်သူကို လက်ခံပေးနိုင်ဖို့ စိတ်ပြင်ဆင်ခဲ့တာ ။

သူ့အပေါ်ထားခဲ့တဲ့ သံယောဇဉ်တွေဟာ တော်ရုံမှမဟုတ်တာ ၊ 10နှစ်ကျော်ကြာခဲ့တဲ့ နှောင်ကြိုးတွေလေ။ အခက်ခဲဆုံး ၊အမှောင်မိုက်ဆုံး ကာလမှာ သူနဲ့အတူ လဲကျလိုက် ပြန်ထလိုက်နဲ့ ကျော်ဖြတ်ခဲ့ကြရတာ။
(နင်တို့နဲ့ဘာဆိုင်လို့လဲ ဆို လက်ညှိုးထိုးသမျှက ကိုယ်တွေပါ ခေါင်းငုံ့ခံလိုက် အကြိတ်အနယ် ပြန်ဖြေရှင်းလိုက်နဲ့)ဒါက သူနဲ့ Henecia, TripleSတွေရဲ့  ဆက်နွယ်မှုတစ်ပိုင်း။

Bias မိန်းမယူသွားရင်ဘယ်လိုလုပ်မလဲလို့ ထိုင်ကြေကွဲနေတတ်တဲ့ သူငယ်ချင်းကို
"သူတို့က ၃၅ကျော်လို့ ၄၀နားကပ်နေပြီလေ ၊သူတို့လည်း အိမ်ထောင်ပြုပြီး မိသားစု တည်ဆောက်ချင်ကြမှာပေါ့၊Fan တွေနဲ့ပဲ တသက်လုံးနေသွားမှာထက် မိသားစုဘဝကိုလည်း လိုချင်မှာပေါ့၊ ငါတို့က နားလည်ပေးရမှာပဲလေ၊ " လို့ အမြဲ နှစ်သိမ့် ‌ရှင်းပြခဲ့တဲ့ ကိုယ်တိုင်က
တကယ်တမ်း ကြုံလာတော့ ရုတ်တရတ် ပြောစရာစကား ရှာမတွေ့တော့ဘူး၊ လက်မလွှတ်ချင်တဲ့ ခံစားချက်မျိုး၊ အစ်ကိုတစ်ယောက်၊ အချစ်ဆုံး သူငယ်ချင်းတစ်ယောက် အိမ်ထောင်ပြုသွားတာကိုလက်မခံချင်တဲ့ ခံစားချက်မျိုးနဲ့ဆို့နင့်သွားတာပဲ။

#တစ်ညနေလုံးဆွေးလိုက်ထိုင်ခွီလိုက်ငိုလိုက်နဲ့ စိတ်နဲ့ကိုယ်မကပ် ဖြစ်နေတဲ့ အက်မင် ^o^
ငိုလို့ဝလို့ ပလီပလာတွေ ထပြော

#Blessings김현중

Some Facts Of Kim Hyun Joong (About Allien)Where stories live. Discover now