4D Prince

1 0 0
                                    

Hyun Joong က ထူးခြားတဲ့လူပါ။ တစ်နည်းအားဖြင့် ထူးဆန်းတဲ့ လူလို့လည်း ပြောလို့ရတယ်။ အဲဒါကြောင့် သူ့ကို ပရိတ်သတ်တွေက 4D Prince လို့ နာမည်ပေးထားကြတာ။ ပုံမှန်က 3D, သူက တစ်မျိုးဆန်းနေလို့ 4D လို့ခေါ်တာ။
ဥပမာ-
ကျန်တာတွေမှာ သိပ်ပြီး တော်နေပေမယ့် တစ်ခါတစ်ခါလည်း သူများထက်ပိုပြီး ဝေးနေတတ်တာမျိုး။ " Hyun Joong က အဖွဲ့ထဲမှာ အကသင်ရ အခက်ဆုံးပဲ။ အခြေခံ အကကို ၃ လ ကြာအောင် သင်ရတယ်" လို့ SS501 ရဲ့ အက ဆရာက ပြောဖူးတယ်။ ကျန်တဲ့ ၄ ယောက်က သူ့ကိုစောင့်ရင်း Basic ကို ၃လ က ခဲ့ရတယ်။

ပြီးတော့-
F4 ရိုက်တဲ့အချိန်အထိ တူကို သေချာမကိုင်တတ်ဘူး။ F4 ရိုက်နေတုန်းမှာလည်း တူကိုင်နည်း မေ့သွားပြန်တယ်။ တူမကိုင်တတ်ပေမယ့်လည်း Piano ကိုကျတော့ တူနဲ့ မြန်မြန်ဆန်ဆန် တီးနိုင်တာမျိုးက ရှိသေးတယ်။

အဲဒီလိုပဲ..ထူးထူးဆန်းဆန်း အတွေးလည်း ရှိနေပြန်တယ်။
ပြန်ပြီးတော့ မွေးဖွားခွင့်ရှိရင် Tom Cruise ဖြစ်ချင်တယ် ဆိုတာမျိုး၊
ချစ်သူထားရင် ကျွန်တော့်ထက် ၁၄ နှစ်ကြီးတဲ့သူကို ထားမယ်။ အဲဒါဆို ဘာမှ စိတ်ပူစရာမလိုတော့ဘူး ..ဆိုတာမျိုး၊
ဂြိုဟ်သားတွေ တကယ်ရှိနေတယ်လို့ ယုံကြည်ပြီး၊ စကြာဝဠာအပြင်မှာ သူတို့အတွက် ဖျော်ဖြေချင်တာမျိုး (ဒါတော့ လိုက်မမီတော့ဘူး )🥴

ထူးထူးဆန်းဆန်းတွေ လုပ်တတ်တာမျိုးလည်း ရှိသေးတယ်။
သီချင်းတွေကို မတရားအကျယ်ကြီး နားထောင်တာမျိုး။ အဲဒါကြောင့် SS501 ဘဝတုန်းက သူတို့အဖွဲ့ ရပ်ကွက်က နှင်ထုတ်ခံခဲ့ရသေးတာ။ နားညီးလို့ဆိုပြီးလေ။
ထမင်းဗူးကိုလည်း ထမင်းရယ်၊ ခရမ်းချဉ်သီးဆော့စ်နဲ့ Mayonis နဲ့ပဲ ထည့်လာတာမျိုးပေါ့။

ပြန်တွေးကြည့်တော့လည်း ကလေးကတည်းက လေးဖက်မသွားဘဲ မတ်တပ်ရပ်ခဲ့သေးတာပဲလေ ။ အခုနောက်ပိုင်းလည်း သူ့ရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေက ရံဖန်ရံခါထွက်လာတုန်းပါ။

ဥပမာ- When time stopped ရိုက်တုန်းက အင်တာဗျူးမှာ တကယ်သာ  အဲဒီလို အချိန်တွေကိုရပ်နိုင်တဲ့ စူပါ ပါဝါရှိရင် ဘာလုပ်မလဲ လို့မေးတော့ ဘဏ်ဖောက်ချင်တယ် လို့ဖြေခဲ့တာမျိုးပေါ့ 😅😅

Some Facts Of Kim Hyun Joong (About Allien)Where stories live. Discover now