Young Seang ပြောတဲ့ Hyun Joongအကြောင်း

5 0 0
                                    

2011 တုန်းကပေါ့။ KBS2 ရဲ့ Happy Together အစီအစဉ်မှာ Heo Young Saeng ကပြောတယ်။ သူ Hyun Joong ကို မီးရှို့သလိုဖြစ်တော့မလို့ ကံကောင်းလို့ တဲ့...။
ဖြစ်ပုံက ဒီလို...။
ဖြစ်ပုံက ဒီလိုဆိုပေမယ့် အဲဒါမပြောခင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အရင်ပြောမှဖြစ်မယ်ထင်တယ်။
Heo Young Saeng နဲ့ Kim Hyun Joong ရဲ့ ရင်းနှီးမှု အတိုင်းအတာကို TripleS တွေကတော့ ပြောစရာမလိုအောင် သိပြီးသားပေမယ့် TripleS မဟုတ်တဲ့သူတွေအတွက် နည်းနည်း ရှင်းပြချင်ပါတယ်။ သူတို့နှစ်ယောက်က debut မလုပ်ခင် Trainer ဘဝကတည်းက စပြီးရင်းနှီးလာကြတဲ့ နှစ်ယောက်ဖြစ်ပြီး SS501 အနေနဲ့ Debut လုပ်တော့ Hyun Joong က Leader ဖြစ်ပြီး၊ Young Saeng ကတော့ second leader ပေါ့။ Group ထဲမှာ အကြီးဆုံး ၂ ယောက်ဖြစ်လို့လည်း ပိုပြီး တိုင်တိုင်ပင်ပင်ရှိခဲ့တယ်။ Hyun Joong က သူ့ကိစ္စတွေ ဘာမဆို ပြောနိုင်တဲ့လူက Heo Young Saeng ပေါ့။ ဒါပေမယ့် ခက်တာက သူတို့နှစ်ယောက်က အရက်မှ မသောက်ရင် ကြာကြာ မျက်လုံးချင်းမဆိုင်ရဲခဲ့ဘူး။ ကြာကြာဆိုတာကလည်း ၂ စက္ကန့်ထက်ပိုပြီး အကြည့်ချင်းမဆုံရဲတာ။ ဘာကြောင့်လည်းတော့ မမေးလေနဲ့။ သူတို့လည်း မသိဘူးရယ်။ အရင်ကဆို သူတို့အဖွဲ့ ၅ ယောက်မှာ ကျန် ၃ ယောက် နောက်ကျရင်သာ Hyun Joong က ဆူချင်ဆူမယ်။ Young Saeng နောက်ကျရင် မဆူရဲဘူး။ ဘာလို့မှန်းလည်း သူ့ဘာသာမသိဘူး။ Young Saeng က သူ့ကို ဘာမှ လုပ်နေတာလည်းမဟုတ်။ တစ်ယောက်နဲ့ တစ်ယောက် ရှိန်ကို ရှိန်နေတာ။ အဲဒါကြောင့် အခုခေတ်လို Shipper တွေမများခင်ကတည်းက သူတို့နှစ်ယောက်ကို Hyun Saeng Couple ရယ်ဆိုပြီး ship ခဲ့တဲ့လူတွေလည်း အများကြီး။ ခုထိလည်း ရှိနေဆဲပေါ့။awkward couple ဆိုပြီးလည်း နာမည်ကြီးတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနှစ်ယောက်က မူးမှ စကားများများပြောလို့ရတဲ့ နှစ်ယောက်။ (အဲဒီတုန်းကပေါ့လေ။)

ဇာတ်လမ်းက အဲဒီတော့မှ စတာ။ မူးတာက အသက်ပဲ။ ၂၀၁၁ ဆိုတော့ သူတို့ Solo activities တွေ စနေပြီပေါ့။ တစ်ည Young Saeng အိမ်ကို Hyun Joong ရောက်လာတယ်။ ထုံးစံအတိုင်း သောက်မယ်ပေါ့။  ဒီတိုင်းသောက်ရင် ဘာမှ မဖြစ်လောက်ဘူး။ Young Saeng က ကဗျာတွေဆန်ပြီး Candle Light လုပ်ရော..။ မီးရောင်မှိန်မှိန်နဲ့ သောက်ရင်း ထုံးစံအတိုင်း ၂ ယောက်လုံး မူးလာတော့ စကားတွေ ပြောမကုန်အောင် ဖြစ်ရော နေမှာပေါ့။ အဲဒီလိုကနေ Hyun Joong က မူးပြီး အိပ်ပျော်သွားရော။

အဲဒီအချိန် Young Saeng ရဲ့ သူငယ်ချင်းဆီက ဖုန်းလာတယ်။ ဒါနဲ့ အိပ်ပျော်နေတဲ့ Hyun Joong ကိုထားပြီး သူငယ်ချင်းနဲ့တွေ့ဖို့ အပြင်ထွက်သွားတယ်။ ခဏနေတော့ အိမ်နီးချင်းက Young Saeng ကို ဖုန်းဆက်တယ်။ အိမ်မီးလောင်နေပြီ ဆိုပြီး။ အဲဒီမှာYoung Saeng လည်း အိပ်ပျော်ကျန်နေခဲ့တဲ့ Hyun Joong ကို စိတ်ပူပြီး အိမ်ကို ပြန်ပြေး။ အိမ်ရှေ့မှာ မီးသတ်ကားတွေ ဆူဆူညံညံနဲ့။ သူလည်း ထူပူပြီး အိမ်ထဲဝင်ပြေးတော့ အိမ်ထဲမှာ မီးခိုးတွေသာရှိနေတာ Hyun Joong က အိပ်နေတုန်း 🙄 (အိပ်တဲ့ စကေးတွေ မြင့်ပုံများပြောပါတယ်)

Young Saeng ပြန်ရောက်လာမှ သူလည်း အူလည်လည်နိုးလာပါတယ်။ ပတ်ဝန်းကျင်တောင် ကောင်းကောင်းမမြင်ဘူးတဲ့။ ဘယ်မြင်မလဲ၊ မူးနေတာက တစ်ကြောင်း၊ အိပ်ချင်နေတာက တစ်ကြောင်း၊ မီးခိုးတွေက တစ်ကြောင်း။

မီးသတ်သမားကြီးကတော့ ဆူသွားလေရဲ့။ ဘာလို့ မီးလောင်နေတာကို အိပ်နေတာတုန်း ဆိုပြီး။ တော်သေးတယ် ဆိုးဆိုးဝါးဝါးလောင်တာမဟုတ်လို့လေ။ Young Saeng ကတော့ သူ့ဖယောင်းတိုင်ကြောင့် ဖြစ်တာဆိုပြီး စိတ်မကောင်းဖြစ်ပေမယ့် သူကတော့ အဲဒီလို မီးလောင်လို့ အခု Happy Together အစီအစဉ်မှာ ပြောစရာရသွားတာပေါ့လို့ ပြောပါတယ်။

တော်ရုံအိပ်တာလောက်တော့ ပြောမနေနဲ့။ မီးလောင်တာတောင် မနိုးတဲ့ဟာကို 😅

Some Facts Of Kim Hyun Joong (About Allien)Where stories live. Discover now