မင်္ဂလာဆောင်တော့မယ့်သူ့ရဲ့ ဖွင့်ဟဝန်ခံ စကား

3 0 0
                                    

မင်္ဂလာပါ။ ကျွန်တော် Hyun Joong ပါ။
ဒီ Concert အတွက် ပြင်ဆင်နေရင်း အခုချိန်ထိ နေထိုင်လာခဲ့တဲ့ အမှတ်တရတွေကို ပြန်တွေးနေမိပါတယ်။
ကျွန်တော် Debut လုပ်တဲ့အချိန်ကစပြီး ပရိတ်သတ်ရဲ့ အားပေးမှုကို ရသင့်တာထက်ကို ပိုပြီး ရခဲ့ပါတယ်။
ကျွန်တော် ငယ်ငယ်က ဝိုးတဝါး အိပ်မက်လေး တစ်ခုရှိခဲ့တယ်။
တစ်နေ့နေ့ Free Concert လေးတစ်ခုလုပ်မယ်၊ Fan တွေ အားလုံးကို ကျေးဇူးတင်ကြောင်းပြောမယ်၊ ရခဲ့တဲ့ အချစ်တွေအတွက် ကျေးဇူးပြန်ဆပ်ရင်း ဒီConcert လေးကို အဆုံးသတ်မယ် ဆိုတဲ့ အိပ်မက်ပါ....။
ပရိတ်သတ်တွေက ကျွန်တော့်ကို အမှောင်ဆုံးနေ့တွေ၊ စိန်ခေါ်မှုအများဆုံးနေ့တွေမှာ လျှောက်လမ်း နိုင်စေခဲ့တယ်။
ပရိတ်သတ်တွေက ကျွန်တော် ထပ်မံ ရှင်သန်နိုင်တယ်၊ ထပ်ပြီး သီချင်းတွေ ဆိုနိုင်တယ် လို့ ပြောခဲ့ကြတယ်။
ကျွန်တော်နဲ့ အတူတူ ရင်ဆိုင်ခဲ့ကြတယ်၊ ကျွန်တော်နဲ့ အတူတူ ငိုခဲ့ကြတယ်၊ ကျွန်တော်နဲ့ အတူတူ ဆင်းရဲဒုက္ခခံခဲ့ကြတယ်။
ကျွန်တော်ဟာ ပရိတ်သတ်ပေးတဲ့ အင်အားတွေ၊ အချစ်တွေ၊ ယုံကြည်မှုတွေနဲ့ အသစ်တစ်ဖန် စတင်ဖို့ အင်အားတွေ ရရှိခဲ့ပါတယ်။
ကျွန်တော်ဆိုတဲ့ သီချင်းတွေကို နားထောင်မယ့် ပရိတ်သတ်ကြီး ရှိနေခဲ့တဲ့အတွက် ကျွန်တော့်ဘဝရဲ့ စာမျက်နှာသစ်ကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တယ်။
ကျွန်တော်....အတိတ်မှာ အရမ်းဆိုးဆိုးဝါးဝါး နေခဲ့မိတယ်လို့ ခံစားမိတယ်။
ကျွန်တော် ပရိတ်သတ်ကြီးကို အရာအားလုံး ပြန်လည်ပေးဆပ်ချင်တယ်။
သီချင်းတွေဖန်တီးရင်း၊ သင်ယူရင်း၊ နောက်တစ်ခါ ဘယ်တော့မှ ထပ်မမှားစေရဘူးဆိုတဲ့ စိတ်.... အဲဒီစိတ်ကပဲ အားလုံးကို ကျေးဇူးဆပ်နိုင်မှာလို့တွေးပြီး ကိုယ့်ကိုယ်ကို တွန်းတင်ခဲ့တယ်။
ဒါပေမယ့် တောက်လျှောက် တစ်ယောက်တည်း ပြေးလာရတဲ့အတွက် ပရိတ်သတ်ကြီးဆီက လူကောင်းလို့ အထင်ခံချင်ပြီး လူကောင်းယောင်ဆောင်ပြီး နေခဲ့မိတယ်လို့ ထင်မိပြန်တယ်။
ပရိတ်သတ်တွေက ကျွန်တော့်ချို့ယွင်းချက်တွေအားလုံးကို လက်ခံပြီး မယိမ်းယိုင်တဲ့ အားပေးမှုတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ပုခုံးပေါ်က ဖိစီးမှုတွေက ကျွန်တော့်ကို အဝေးကြီးကို ပို့ကြပြန်တယ်။
ငယ်ငယ်ကတော့ ပရိတ်သတ်တွေကို Free Concert လုပ်ပေးပြီး ကျေးဇူးဆပ်ချင်ခဲ့ပေမယ့် အခုတော့ ကျွန်တော့်အတွေးက အရမ်းနုံခဲ့တာပဲလို့ သဘောပေါက်လာပါတယ်။
ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ ကျွန်တော့်ကို ယုံကြည်ပေးခဲ့တဲ့ ပရိတ်သတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးပေးတာက ကျေးဇူးတုံ့ပြန်တာလို့ တွေးလာမိတယ်။
ဒါပေမယ့် ပရိတ်သတ်တွေပေးတဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို တွေးမိရင် ဒီလို စကားလုံးလေးတွေနဲ့ ပဲ ရေးသားဖော်ပြနေရတဲ့အတွက် ကျွန်တော် နောင်တရမိမယ် ထင်ပါတယ်။
အဲဒီတော့....ဒီတစ်ခေါက် Concert ကို အကြောင်းပြပြီး ကျွန်တော် ပြောရခက်တဲ့ စကားတစ်ခွန်း ပြောချင်ပါတယ်။
ကျွန်တော့်ဘဝမှာ ပြောရအခက်ဆုံး စကားဖြစ်ပြီး၊ အားလုံးကလည်း ကျွန်တော့်ကို နားလည်ပေးဖို့ တောင်းဆိုချင်မိပါတယ်။ ကျွန်တော် ဘယ်လိုပြောသင့်သလဲဆိုတာကို အများကြီး စဉ်းစားခဲ့ပါတယ်.
ကျွန်တော့်ကို စစ်မှန်တဲ့အချစ်တွေနဲ့ ချစ်ကြတဲ့သူတွေအတွက် ကျွန်တော့်ဆီက တိုက်ရိုက် ပြောတဲ့စကားကိုပဲ ကြားစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော်နဲ့ ဘဝကို အတူတူဖြတ်သန်းမယ့် သူကို တွေ့ခဲ့ပါပြီ။
ကပ်ရောဂါတွေ ကြောင့် မင်္ဂလာပွဲလည်း လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ဘဝရဲ့ ကဏ္ဍသစ်ကို ပရိတ်သတ်တွေရဲ့ ဆုတောင်းစကားတွေနဲ့ အစပြုချင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီသတင်းကို Concert လုပ်နေတုန်းမှာ ပြောရခြင်းဖြစ်ပါတယ်။
အားလုံးက ချစ်မေတ္တာတွေနဲ့ အားပေးခဲ့တဲ့အတွက် ကျွန်တော်ရဲ့ အဆိုတော်ဘဝကို ရှေ့ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော့်ကို အားပေးကြသလို ကျွန်တော်ရဲ့ လက်တွဲဖော်ကိုလည်း မိသားစုဝင်အသစ်အဖြစ် လက်ခံကြမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးက သိချင်စိတ်ဖြစ်နေမှာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို နားလည်ဖို့ တောင်းဆိုချင်ပါတယ်။
ကျွန်တော့်လိုမဟုတ်ဘဲ သူက သာမာန်မိန်းကလေးတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်တို့ ရဲ့ မင်္ဂလာပွဲကို မီဒီယာ စာမျက်နှာတွေထက်မှာ ဖော်ပြမှာ မဟုတ်ပါဘူး။
ကျွန်တော့်မှာ ပရိတ်သတ်တွေနဲ့အတူ ဖြည့်ဆည်းချင်တဲ့ အိပ်မက်တွေ ရှိနေဆဲပါပဲ။
အားလုံးနဲ့ ဘဝထဲမှာ အတူတူယှဉ်တွဲ စီးမျောနေသွားရင်း ကျွန်တော်တတ်စွမ်းနိုင်တဲ့ လောကကြီးကို ပြပေးကြပါ။
သေချာပေါက် လေပြည်တွေပဲ ရှိမယ်လို့တော့ မထင်ပါဘူး။ လေကြမ်းတိုက်ခတ်ပြီး မုန်တိုင်းထန်တဲ့ အချိန်တွေလည်း ရှိနေဦးမှာပါပဲ။
ဒါပေမယ့် ကျွန်တော့်ဘေးမှာ အခုလိုမျိုးပဲ ပရိတ်သတ်တွေရှိရင် အားလုံးကို နောက်တစ်ကြိမ်ထပ်ပြီး ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် ယုံပါတယ်။
ကျွန်တော့်ရဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့ ပရိတ်သတ်တွေရဲ့ ပေးတဲ့ ခွန်အားတွေသာရှိနေရင် ပိုပြီးကောင်းတဲ့ အဆိုတော်ဘဝ၊ ပိုပြီးတော်တဲ့ သရုပ်ဆောင်ဘဝ ကို လွယ်ကူစွာပဲ သွားနိုင်မှာပါ။
ကျွန်တော့်ရဲ့ အတိတ်ကို ထားခဲ့ပြီး ဘဝအသစ်ကို ကျေးဇူးတင်စိတ်တွေနဲ့ စတင်ချင်ပါတယ်။
ကျွန်တော့်ဘဝကို အနုပညာရှင်အဖြစ် လေးနက်စွာ၊ ကြီးလေးတဲ့ တာဝန်ယူမှု တာဝန်ခံမှု တွေနဲ့ ရှင်သန်သွားပါ့မယ်။
ပရိတ်သတ်ကြီး ဂုဏ်ယူရတဲ့သူအဖြစ် နေထိုင်သွားပါ့မယ်။ ဒါမှလည်း နေ့တိုင်း ကျွန်တော် နောင်တမရမှာ ဖြစ်ပါတယ်။
တစ်ခါက ကျွန်တော်ပြောခဲ့ဖူးပါတယ်။ စာလုံးတွေမှာ မမြင်နိုင်တဲ့ အမှန်တရားတွေ ရှိတယ်လို့။
ဒီစာလေးက ကျွန်တော့်ရဲ့ အချစ်တွေနဲ့ ကျေးဇူးတင်စိတ်တွေကို အားလုံးဆီ ပို့ဆောင်ပေးမယ်လို့ ယုံကြည်ပါတယ်။
အခုလို ခက်ခဲတဲ့အချိန်တွေမှာ ကျန်းမာအောင် နေကြပါ။
ကျွန်တော် သိပ်မကြာခင် စကားထပ်ပြောပါဦးမယ်။
ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ချစ်ပါတယ်။

Some Facts Of Kim Hyun Joong (About Allien)Where stories live. Discover now