သူ့ကမ္ဘာ သေးသေးလေး
________________________သူ့ကမ္ဘာလေးက သေးတယ်။
စစ်မှုထမ်းပြီး ပြန်လာတော့ finger heart sign ကို မသိဘူး။
အခု အချိန်တွေကြာတော့ TikTok တွေ ဘာတွေတောင် ဆော့နေတော့ တိုးတက်လာပြီထင်တာ ဟိုနေ့က Concert မှာ LOL "လိုလ်" ဆိုတာ ဘာလဲလို့ မေးတယ်။ သူ့ band က Laugh Out Loud လို့ ပြန်ဖြေတော့ မသိပါဘူး။ LOL ကို မိုဘိုင်းဂိမ်း မှတ်လို့တဲ့။ League of Legend လိုမျိုးတဲ့။ 😅
ကိစ္စတွေဖြစ်တော့ သူ့ကိုယ်သူ ကြက်ဥခွံလိုကမ္ဘာလေးထဲမှာထည့်ထားခဲ့တယ် ထင်ပါတယ်။ ပါးပါးလေးပေမယ့် သူ့အတွက်လုံခြုံမှုပေးနိုင်တဲ့ နေရာလေး။ သူကချစ်တဲ့ လူတွေကိုလည်း သူ့ကြောင့်ထိခိုက်မှာစိုးလို့ အဆက်ဖြတ်ပြီး နည်းပေမယ့် သူ့ကို တကယ်ချစ်တဲ့ လူတွေနဲ့ပဲ သူပျော်နေခဲ့တာ။
သူ့ကမ္ဘာလေးက သေးသေးလေး။
ဒါပေမယ့် ကိုယ်တွေအတွက် သူက အရမ်းထုထည်ကြီးမားတဲ့ ကမ္ဘာကြီး။ 🥰