U
အတော်ကြာတိတ်ဆိတ်သွားတဲ့ သူတို့စားပွဲဝိုင်းမှာ ဝေဝေတစ်ယောက်ပဲ အပြင်လူဖြစ်သွားသလို။
နားရွက်လေးတွေနဲ့ လည်ပင်းတွေနီလာတဲ့ တစ်ယောက်က ခေါင်းငုံ့လျက်ရှိပြီး အဲ့ဒီခေါင်းငုံ့နေဆဲတစ်ယောက်ကို ဘေးကပ်လျက်တစ်ယောက်က ထိုင်ပြီး တစိမ့်စိမ့်ကြည့်လို့။
ဝမ်ရိပေါ်ဆိုတဲ့အကိုကြီးရဲ့ ပေါက်တတ်ကရစကားတွေကို သူမကိုကြီးကျန့်က...။
သူမ ရှေ့က နှစ်ယောက်လုံးကို အမြင်တွေကတ်လှပြီ။
"ဟိုကိုကြီး ပေါက်တတ်ကရစကားတွေပြောပြီးရင် ပြန်လိုက်တော့"
ရိပေါ်က ဝေဝေကို မတူမတန်သလို တစ်ချက်ကြည့်ပြီး ရှောင်ကျန့်ကိုပဲ ချစ်ရည်ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေနဲ့ ဆက်ကြည့်နေသည်။
အားးးး။
"ကိုကြီးကျန့်က ကျွန်တော်လက်ထပ်ဖို့ ရာထားတဲ့လူနော်"
အဖက်လုပ်မခံရတဲ့ဘဝက တော်တော့်ကို ဆိုးဝါးလှသည်။အထူးသဖြင့် ကိုကြီးကျန့်ဆီက။အရင်နေ့တွေက သူမစတော့ သဘောမကျပါဘူး ဘာညာငြင်းလို့။ခုတော့ နှစ်ယောက်တည်းကမ္ဘာ။
"မမဝေဝေ မားက အန်တီယွမ်တို့အိမ်ကို သစ်တော်သီးတွေ သွားပို့အုံးတဲ့"
"အိုခေ လာပြီ သွားပြီ ကိုကြီးကျန့်"
"ဪ အေး ဂရုစိုက်အုံး"
ဝေဝေ့ညီမဖြစ်သူလာခေါ်မှုကြောင့် ဝေဝေပြန်သွားတော့ သူတို့နှစ်ယောက်ပဲ ကျန်ရစ်သည်။
အစောက ရိပေါ်ပြောခဲ့တဲ့စကားတစ်ခွန်းသာ ရှောင်ကျန့်နားထဲ တစ်ဝဲလည်လည်။
ရှောင်ကျန့်က ငါ လက်ထပ်ထားတာ ငါ့ဇနီး တဲ့။
ဝေဝေကတော့ ကလေးပီပီ ဘာမှ မတွေးပေမယ့်...။
"ကျွန်တော် ခင်ဗျားကို မြင်မိကတည်းက သဘောကျတာပါ
နောက်ပြီး ဟိုကောင်မလေးကို အနိုင်ယူချင်လို့ လက်ထပ်ပြီးသားလို့ ပြောလိုက်တာ စိတ်ထဲ မထားပါနဲ့"စိတ်ထဲ မထားနဲ့တဲ့။
ရှောင်ကျန့်လည်း ဒီအရွယ်ရောက်နေပြီ ချစ်ခဲ့ဖူး ကြိုက်ခဲ့ဖူးတာပေါ့။စိတ်ထဲ လေးလေးနက်နက်ထားပြီး မချစ်ခဲ့ဖူးရုံသာ။ဒါတွေကလည်း သူ့ဘဝနဲ့ သူ့ကံကြမ္မာကြောင့် အချစ်ရေးဘက် အလေးမပေးခဲ့ခြင်းသာ။