U
ရှောင်းကျန့် ဒီနေ့တစ်ရက်လုံး စိတ်နဲ့လူနဲ့မကပ်။လူက ငိုချင်သလိုလို ရယ်ချင်သလိုလို။လုပ်မိသမျှအရာတိုင်းကလည်း အလွဲလွဲအချော်ချော်။
ဒါကိုလည်း ဖွားဖွားတင်မက သူ့ကိုယ်သူလည်း သတိထားမိပါသည်။
"တာအိုလေး ဒီနေ့ ဘာဖြစ်နေတာတုန်း စာတွေမလိုက်နိုင်လို့လား"
"မဟုတ်ပါဘူးဖွားဖွား"
"မှန်မှန်ပြောစမ်း ဖွားဖွားကို ပူဆာစရာရှိလာပြန်ပြီလား"
"မဟုတ်ပါဘူးဆို ဖွားဖွားကလည်း"
"အာ...ဒီကလေးလေး"
"ဖွားဖွား..."
ရှောင်းကျန့် ဖွားဖွားကို တင်းနေအောင်ဖက်ပြီး ဖွားဖွားရင်ခွင်ထဲ မျက်နှာအပ်ကာ အားရပါးရ ငိုမိသည်။သူ့ရင်ထဲမှာ တင်းကြပ်နေတဲ့အရာကြီးကို သူ ဆဲွဲြဖြဲပစ်ချင်သည်။
"မငိုနဲ့လေ ကလေးလေးရယ် လူပျိုကြီးဖြစ်နေပြီ ငိုနေတာ မရှက်ဘူးလား"
ဖွားဖွားက သူ့နောက်ကျောကို အသာပုတ်ပေးပြီး သူ ကျေနပ်အားရတဲ့အထိ ငိုစေခဲ့သည်။
ဖွားဖွားစိတ်ထဲ တာအိုလေးဘာကြောင့်ငိုလဲ မသိပေမယ့် သူမလည်း စိတ်မကောင်း။ဒီကလေးက ပုံမှန်ဆို ပျော်ပျော်နေတတ်တဲ့ကောင်လေးပါ။
"ငိုလို့ဝပြီလား ဖွားဖွားရဲ့တာအိုလေး"
"အွန်း"
ဖွားဖွားက သူ့ပါးနှစ်ဖက်ကို ခပ်နာနာလေးဖျစ်ညှစ်ပြီး ပြုံးပြသည်။
"ငါ့မြေးလေးက ဖြူစင်လွန်းတယ် ဖွားဖွား ဘယ်လိုလုပ် စိတ်ချနိုင်မလဲ ဟင်?"
"ဖွားဖွား?"
"နောက်ဆို ဖွားဖွားရှေ့ မငိုပါနဲ့လား
ငါ့မြေးလေးကို ရင့်ကျက်ပြီး သန်မာတဲ့ လူငယ်လေးအဖြစ် မြင်ချင်လှပြီ"အဲ့ဒီနေ့ထဲက ရှောင်းကျန့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။သူ ဖွားဖွားရှေ့ ဘယ်တော့မှ မငိုတော့ဖို့။
တစ်မနက်နဲ့ တစ်နေ့လည်ခင်းလုံး ဖွားဖွားကို လုပ်ကူပြီး ဝမ်အိမ်တော်ကို သွားဖို့ ပြင်ရသည်။