(14)

5.8K 685 5
                                    

U

မှတ်မိတာပေါ့။သူ ဘယ်မေ့နိုင်ပါ့မလဲ။သူ့ဘဝမှာ ပထမဆုံးလက်ထပ်ဖူးခဲ့တဲ့ လက်ထပ်ပွဲ။သူ့ရဲ့ဆန္ဒတွေ သူ့ရဲ့သိက္ခာတွေ ဘာမှကို မငဲ့ရပဲနဲ့ အတင်းအကြပ်စေခိုင်းခံခဲ့ရတဲ့ပွဲ။ပြောရရင် လက်ထပ်ပွဲနဲ့ ဘယ်နေရာမှ တူမနေခဲ့ဘူး။

ဆယ်ကျော်သက်အရွယ် သူက သူ့တစ်ကိုယ်လုံး အသက်ရှူကြပ်ရလောက်အောင် တင်းကြပ်နေတဲ့ အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး ၁၂နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို လက်ထပ်ခဲ့ရသည်။ထိုကလေးကလည်း မိန်းကလေးမဟုတ်ပဲ ယောကျာ်းလေးတဲ့။

ဒီမှတ်ဉာဏ်တွေကို သူ မမှတ်မိချင်တော့လို့ ကြိုးစားပြီး မေ့ဖျောက်ခဲ့ရသည်လေ။နောက်ဆုံးတော့ သူ ကြိုးစားခဲ့ရသမျှဟာ အချည်းနှီးပဲဖြစ်သွားခဲ့ရသည်။

အနီရောင်ကော်ဇောနီတို့ထက် သူ မလှမ်းခဲ့ရခင် တစ်ပတ်အလိုမှာ ကျောင်းကအပြန် အသိုင်းအဝိုင်းကြီးထဲက သူ့ဖွားဖွားအရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ရသည်။

အဲ့ဒီနေ့က ကျိုးချန်လည်း နေမကောင်းလို့ ကျောင်းမလာဖြစ်တာကြောင့် အပြန်ခါ သူတစ်ယောက်လည်း ပြန်လာရခြင်းဖြစ်သည်။

"မင်းနာမည်က တာအိုနော်"

"ဟုတ် ဒါပေမယ့်..."

"နာမည်ရင်းမဟုတ်ဘူး ဟုတ်တယ်မလား"

"ဟုတ်ကဲ့ ကျွန်တော့်နာမည် ရှောင်းကျန့်လို့ ခေါ်ပါတယ်"

"၁၉၉၁ ခုနှစ် အောက်တိုဘာလ၅ရက် ဒါက မင်းမွေးနေ့နော်?"

"ဟုတ်ကဲ့"

"မင်းက မိဘတွေနဲ့ အတူမနေဘူးလား"

"ဟုတ် မားမားတို့က ရှန်ဟိုင်းမှာပါ ကျွန်တော်က ဖွားဖွားနဲ့ နေတာပါ"

အမှန်တိုင်းပြောရရင် ရှောင်းကျန့် ဒီလိုမျိုး ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ကို ပြောမပြချင်။ဆိုပေမယ့်လည်း ဆရာကိုယ်တိုင် ခေါ်တွေ့ပေးတဲ့ ဧည့်သည်ဖြစ်သလို ဖွားဖွားအရွယ်ဖြစ်တာကြောင့်ရောမို့ သူ ရိုရိုသေသေပြန်ပြောနေခြင်း။နောက်ပြီး ရှောင်းကျန့်က ရိုင်းစိုင်းတဲ့ကလေးလည်းမဟုတ်။

Where Are You Now,My Wife?Where stories live. Discover now