U
"နံရံကပ်စက္ကူတွေက ဟောင်းနေပြီ အဲ့တာတွေ လဲရမယ်
စားပွဲတွေလည်းလဲရမယ်
နောက်ပြီး..."ပြောနေဆဲစကားကိုရပ်ပြီး ထိုသူက ရှောင်ကျန့်ဘက် အားနာသလို တစ်ချက်ကြည့်သည်။ပြောချင်ပေမယ့် ပြောမထွက်သလိုမျိုး။
"ဆက်ပြောပါ"
ရိပေါ်က စကားဝင်ထောက်သည်။
"ဆိုင်အပြင်အဆင်က ဟောင်းလွန်းတော့ စားသုံးရမယ့်သူတွေ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေတယ်
ဒီကောရေးရှင်းပိုင်းကိုလည်း အလေးထားသင့်တယ်""လိုအပ်တာတွေ တစ်ခါတည်း လစ်လုပ်ထားပေးပါ
ဒီနေ့ တစ်ခါတည်း ပြင်ရအောင်"ရိပေါ့်စကားကို ထိုလူက ခေါင်းညိတ်ပြီး ပြောစရာရှိတာတွေကို ဆက်ပြောနေသည်။
ရှောင်ကျန့်အတွက်တော့ သူ့ရှေ့က လူတွေကိုကြည့်ပြီး ဒီအခြေအနေကို နားမလည်နိုင်သေး။သူ တစ်ယောက်တည်းတော့မဟုတ်။
သူ့ဘေးက ဝေဝေ့ကို မေးတစ်ချက်ပင့်ပြီး မေးတော့ ဝေဝေကလည်း ခေါင်းရမ်းပြရှာသည်။
ဒီမနက်အခြေအနေက ဒီလို။ထုံးစံအတိုင်း ဝေဝေက ကျောင်းမသွားခင် ရှောင်ကျန့်ဆိုင်မှာ ခေါက်ဆွဲဝင်စားသည်။
သူမပါးစပ်ထဲကို ခေါက်ဆွဲဖက်တွေသူများ လုစားမှာစိုးတဲ့အလား အားရးပါးရ သွတ်နေတုန်း ကိုကြီးရိပေါ်နဲ့ အခြားလူနှစ်ယောက် ဝင်လာတာကြောင့် သူမ ခေါက်ဆွဲဖက်တန်းလန်းနဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ခြင်း။
ရိပေါ်ဆိုတဲ့အစ်ကိုကြီးက လူအင်အားသုံးပြီး သူမကိုကြီးကျန့်ကို ပြန်ပေးဆွဲသွားမှ ခက်ရချည်ရဲ့။
အဲ့ဒီနောက်တော့ ခု မြင်ရတဲ့အတိုင်းပဲ။
ရိပေါ်နဲ့လူကြီးတစ်ယောက်က ဆိုင်နဲ့ ပတ်သက်ပြီး ဆွေးနွေးတုန်း နံရံကပ်စက္ကူမကောင်းဘူးလို့ အသံကြားရင် ကျန်တဲ့လူကြီးက အကုန်ဆွဲခွာသည်။သူ့နားထဲ ကြားတဲ့ မကောင်းတဲ့အရာမှန်သမျှ ဖျက်စီးပစ်နေသည်။
ရှောင်ကျန့်ကတော့ ဘုရားတလျက်ပေါ့။
သူ့မှာ ရှိတာမှ ဒါလေး။နေစရာဘုံဗိဗ္မာန်လေးတော့ သူ မဆုံးရှုံးချင်ပါ။