U
ရှောင်းကျန့်ရဲ့တုန်လှုပ်ခြောက်ခြားနေပုံကိုကြည့်ပြီး မုန့်ယောင်ယောင် ကျေကျေနပ်နပ်ပြုံးမိသည်။
သူမက အချိန်တိုင်း သူတစ်ပါးကို နှောင့်ယှက်တတ်သူမဟုတ်ပေမယ့် အငြိုးအတေးတော့ကြီးသည်။
ရှောင်းကျန့်က သူမကို အတင်းအဓမ္မပြုဖို့ကြိုးစားသည်လို့ပြောခဲ့သည်က တိုက်ရိုက်နည်းနဲ့မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ မှန်ကန်နေသည်ပဲ။
ရှောင်းကျန့်သာ သူမကို စာအတူကျက်ပေးဖို့ ခွင့်ပြုပေးခဲ့ရင် ဒီလိုမျိုး သူမ ကြုံတွေ့ရမည်မဟုတ်။
ကျောင်းဆေးခန်းမှာ အနားယူနေရပေမယ့် သူမအတွေးတွေကတော့ လွန်ခဲ့တဲ့သုံးနာရီက အချိန်တွေဆီပျံ့လွင့်နေသည်။
"ဆရာ စာသင်မှာက ဒီခေါင်းမိုးထပ်မှာ အဆင်ပြေပါ့မလား
ဆရာတို့ရုံးခန်းထဲ မသင်ဘူးလား"သူတို့ကျောင်းက အစိုးရကျောင်းမို့ ဆရာတစ်ယောက်ချင်းစီအတွက် သီးသန့်ရုံးခန်းမရှိ။သူတို့ဌာနအလိုက် စုနေကြရတာဖြစ်သည်။ဆရာတွေရုံးခန်းထဲဆို သူမ လုံလုံခြုံခြုံစာသင်နိုင်မည်။ဒါပေမယ့် ဒီလိုခေါင်မိုးထပ်မှာ နှစ်ယောက်တည်း သင်ဖို့ကြရာတော့ အဆင်မပြေ။
သူမ သူတို့အတန်းပိုင်ဆရာမအကူအညီတောင်းထားတဲ့ သူရှေ့က ဆရာဖြစ်သူကို သေချာစိုက်ကြည့်မိသည်။
သူမအိတ်ထဲက လက်သည်းညှပ်ကို အသာထုတ်ပြီး သင်တုန်းဓားသေးသေးလေးကို ထုတ်ထားလိုက်သည်။သတိဆိုတာ ပိုသည်မှ မရှိပဲ။
"လာလေကလေးရဲ့ ဟဲဟဲ ဆရာကလေ ကလေးသေချာနားလည်အောင်သင်ပေးချင်လို့ သီးသန့်ခေါ်လာတာကလေးရဲ့
လာလေ လာပါ ဟဲဟဲ"ထိုဆရာရဲ့ရယ်သံကြားလေ သူမ ပိုစိတ်တိုလေ။
"လာပါကလေးရဲ့"
"လွှတ် ကျွန်မလက်ကို လွှတ်လို့ပြောနေတယ်လေ"
ထိုသူက သူမလက်နှစ်ဖက်လုံးကို နောက်ဘက်ပို့ထားပြီး ထိုသူရဲ့ရွံစရာကောင်းလှတဲ့လျှာကြီးနဲ့ သူမမျက်နှာကို လျက်လိုက် သူ့နှာခေါင်းနဲ့နမ်းလိုက် လုပ်နေသည်။ရွံဖို့ကောင်းချက်က အန်ထွက်မတတ်ပဲ။သူမပိုရုန်းလေ သူမလက်ထဲက ဓားက သူမ ပေါင်တွေကို ခြစ်မိလေပဲ။နာကျင်လွန်းလို့ လွှတ်ချပစ်ချင်ပေမယ့် သူ့ရှေ့က လူအတွက် ဒီဓားက သူမလက်ထဲ အသင့်ရှိနေဖို့လိုသည်။