Waiting For You
"ကောေရ......ကျွန်တော်ဒီမှာ"
တိုင်းတစ်ပါးမြေမှာ၄နှစ်ကျော်ကြာပညာတွေရှာဖွေပြီးယနေ့မှာတော့ကိုယ့်အမိမြေရှန်ဟိုင်းမြို့လေးကိုYiboခြေပြန်ချနိုင်ခဲ့ပြီ။လေယာဉ်ပေါ်ကဆင်းဆင်းချင်းလူအုပ်ကြီးတစ်ခုကြားWang Layဟူသောဆိုင်းဘုတ်ကိုကိုင်ကာကျွန်တော့ကိုရှာနေသောကောကိုတွေ့တာကြောင့်ကျွန်တော်လက်ဝှေ့ရမ်းပြရင်းနှုတ်ဆက်လိုက်သည်။
ဒီနေ့ကလေးးပြန်လာမယ်ပြောလို့လုပ်လက်စအလုပ်ကိုပစ်ထားပြီးးလေယာဉ်ကွင်းကိုအပြေးလာခဲ့မိတယ်။လေယာဉ်စိုက်တော့ကားပေါ်ကဆင်းလာတဲ့ခရီးသည်များကြားကလေးကိုရှာဖွေနေမိတယ်။များလိုက်တဲ့လူတွေ။ခုချိန်ထိကလေးရဲ့အရိပ်အယောင်လေးတောင်မတွေ့ရဘူး။ကျွန်တော်လူအုပ်ကြီးကြားလှည့်ပတ်ရှာဖွေရင်းးခဏအကြာကျွန်တော်အချိန်တိုင်းသတိရနေခဲ့ရတဲ့လွမ်းဆွတ်နေခဲ့ရတဲ့ကလေးရဲ့အသံလေးကိုကြားလိုက်ရတယ်။အသံကြားလို့လှည့်ကြည့်မိတော့Luggageအိတ်လေးလက်ကဆွဲကျွန်တော့်ဆီတစ်လှမ်းချင်းလှမ်းလာသူလေး။မတွေ့ရတဲ့လေးနှစ်အတွင်းမှာအရပ်လည်းပိုရှည်လာသလိုပိုပြီးလည်းခန့်ညားချောမောလာတာဘဲ။
"ကော.........ဘာလို့အဲ့လောက်ကြည့်နေတာလဲဗျ......ကျွန်တော်အရမ်းချောလာလို့လား"
ကလေးစကားကြောင့်ကျွန်တော်သူခိုးလူမိဖြစ်သွားရပြန်ပြီ။
"ဟုတ်တာပေါ့......အရပ်လည်းရှည်လာတယ်။ပိုလည်းချောလာတယ်။ပိုပြီးချစ်စရာလည်းကောင်းတယ်။
"ဟားးးကောကတော့ပြောတော့မယ်။အချင်းချင်းတွေမြောက်နေပြန်ပြီဗျာ။ကျွန်တော်ကောအတွက်လက်ဆောင်ဝယ်လာတယ်"
"ဟုတ်လားးးအိမ်ရောက်မှကြည့်မယ်လေ။ခုတော့အိမ်ကိုအရင်ပြန်ကြမယ်။ဦးနဲ့အန်တီစောင့်နေတယ်"
"ဟုတ်ကော"
ကလေးလက်ထဲကluggageအိတ်ကိုယူကာကားနောက်ခန်းထဲထည့်လိုက်ပြီးးကလေးကိုကားထဲဝင်စေကာWangအိမ်တော်သို့ပြန်လာခဲ့သည်။အိမ်ကိုရောက်တာနဲ့ကားတံခါးဖွင့်ကာဆင်းသွားသောကလေး။ကျွန်တော်လည်းကားနောက်ခန်းကLuggageအိတ်ကိုယူပြီးအိမ်ထဲဝင်လာခဲ့တယ်။အိမ်ထဲရောက်တော့ကလေးကသူ့မိဘတွေကြားကနေကျွန်တော့်ကိုရယ်ပြနေတာ။ချစ်ဖို့ကောင်းတာပြောမနေနဲ့။