Waiting For You
Part-10
ညနေစောင်းလို့Yiboရေမိုးချိုးပြီးအောက်ထပ်ဆင်းလာတော့မီးဖိုခန်းထဲအလုပ်ရှုပ်နေသောသူ့မားကြောင့်Yiboမီးဖိုခန်းထဲ၀င်သွားလိုက်သည်။
"မားးးဘာတွေအလုပ်ရှုပ်နေတာလဲ"
"aw...သားးးဒီမှာလေ...သားကျန့်ကနေမကောင်းဘူးဆိုတော့မားသူ့အတွက်ကြက်စွတ်ပြုပ်လေးလုပ်ပေးထားတာ....သားသွားရင်ယူသွားပေးလိုက်ဦးနော်....သူတစ်ယောက်ထဲဆိုတော့စားရသောက်ရတာအဆင်မပြေလောက်ဘူး"
"မားကလည်းးကောကအရင်ကလည်းတစ်ယောက်ထဲဘဲဟာ...ခုမှမားကအထူးအဆန်းလုပ်လို့"
"မဟုတ်သေးဘူးလေသားလေးရဲ့.....အရင်ကပြဿနာမရှိပေမယ့်....အခုသားကျန့်ကနေမကောင်းဘူးလေ...သူလည်းအားရှိတဲ့အစားအစာလေးတွေစားဖို့လိုအပ်တယ်လေ....ပြီးတော့သူ့မှာကcompanyကတစ်ဖက်...ပြီးရင်....
"အာ.....သားနားလည်ပါပြီမားးရယ်....ရပြီမလားးးပေးတော့လေ...
သားသွားတော့မယ်""အမလေးးးဟုတ်ပါပြီရှင်...
အဲ...သားရေ....သေချာဂရုစိုက်ဦး""သားသိပါတယမြားးး"
စိတ်မြန်လက်မြန်ရှိလှတဲ့သားဖြစ်သူကိုကြည့်ကာမီးဖိုခန်းထဲက၀မ်မားတစ်ယောက်ကတော့ဖြင့်ခေါင်းတစ်ခါခါနှင့်သာကျန်ခဲ့လေတော့သည်။
"ရှီးးစ်.....မပြီးနိုင်တော့ဘူးလားကွာ....ငါလည်းဒီစာရင်းတွေနဲ့ဘဲမကြာဘူးးးဂေါက်မယ်"
"တင်းးးတောင်...တင်း...တောင်"
ရှောင်းကျန့်ဧည့်ခန်းထဲတွင်laptopတစ်လုံးနှင့်ကုမ္ပဏီငွေအ၀င်အထွက်စာရင်းတွေပြန်စစ်နေတုန်းတံခါးပေါက်မှလူခေါ်ဘဲလ်သံကြားတာကြောင့်လုပ်လက်စအလုပ်ကိုထားခဲ့ပြီးတံခါးသွားဖွင့့်ပေးလိုက်သည်။
"ကျွီ..."
ရှောင်းကျန့်တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကတစ်နေကုန်လွမ်းနေခဲ့သောမျက်နှာလေးး။လက်ထဲမှာလည်းစတီးချိုင့်တစ်လုံးကိုလက်ကဆွဲလို့။မျက်နှာကြည့်တော့လည်းးမှုန်တေတေနဲ့။ဒီကလေးဘာဖြစ်နေပါလိမ့်။