Waiting For You
Part-11ရှောင်းကျန့်တစ်ယောက်စွတ်ပြုတ်သောက်ရင်းကွန်ပြူတာတစ်လုံးနှင်အလုပ်ရှုပ်နေသောသူ့ကလေးကိုထိုင်ကြည့်နေလိုက်သည်။စွတ်ပြုတ်သောက်တာကနည်းနည်းYiboကိုထိုင်ကြည့်တာကများများ။သူဒီလိုလေးကြည့်နေခွင့်ရဖို့အမြဲတွေးနေခဲ့တာလေ။ခုတော့ရတဲ့အခွင့်အရေးကိုသူအမိအရယူနေရသည်။
"ပြီးပြီ...ကောစားပြီးပြီလား"
"ဟမ်...အဟင်းစားနေတုန်းဘဲ"
မသိအောင်ခိုးကြည့်ပါတယ်ဆိုမှသူခိုးလူမိသွားတာမို့ရှောင်းကျန့်မှာစကားတွေပါထစ်လို့။
"ကျွန်တော်စာရင်းစလုပ်တြည်းကကောသောက်နေတာလေ...ခုထိမပြီးသေးဘူးဆိုတော့...ဘာတွေစိတ်ကူးယဥ်ပြီးစားနေလို့တုန်းး"
ကလေးကိုငေးရင်းစွတ်ပြုတ်သောက်ဖို့မေ့နေတာလေဟုဖြေလိုက်ချင်ပါသော်လည်းဘာလို့ငေးတာလည်းလို့မေးရင်သူဖြေရခက်ဦးမည်။
"aw....ဘာမှမယဥ်ပါဘူးးး၀မ်လေးကဒါတွေလည်းရတာဘဲလို့တွေးနေတာ"
"ဒါပေါ့....ကဲ...ကောမစားပြီးသေးရင်လည်းချိုင့်ထားခဲ့လိုက်တော့မယ်....ကျွန်တော်ပြန်တော့မယ်"
"အင်းးကောနောက်မှချိုင့်လာပေးမယ်နော်...အန်တီ့ကိုလည်းကျေးဇူးတင်တယ်လို့ပြောပေးပါ"
"ok...ပြောပေးမယ်"
ဟူးးးဒီပိန်းဥကိုချစ်ရတာလည်းတကယ်လွယ်ကူမနေဘူး။တုံး လိုက် အ လိုက်တာလည်းလွန်ရော။companyတစ်ခုလုံးကိုဘယ်လိုများအုပ်ချုပ်နေတယ်မသိဘူး။
ဆူပုပ်ပုပ်နှင့်ထွက်သွားသောYiboကိုကြည့်၍ရှောင်းကျန့်မှာတော့....
"စောစောကအကောင်းကြီးပါ....ခုဘယ်လိုဖြစ်ပြီး...ဟူးးးမသိတော့ဘူးကွာ"
"ရားးးးးပိန်းဥ....မုန်လာဥ...ပုစွန်ဦးနှောက်"
အမောင်Yiboတို့အိမ်ထဲ၀င်ရင်းပွစိပွစိရွတ်လာတာမို့၀မ်မားရော၀မ်ပါးကပါအထိတ်တလန့်ဖြစ်သွားရသည်။
"သားးးYiboဘာဖြစ်လာတာလဲ....ဘယ်သူ့ကိုမကျေမနပ်ဖြစ်နေတာလဲ"
"ဘာဖြစ်ရမလဲ..ကော....အာဘာမှမဟုတ်ဘူးးမောတယ်..ရေသောက်ဦးမယ်"