Wating For You
Part-12ရှောင်းကျန့်Companyရောက်ကတည်းကအလုပ်စားပွဲမှာထိုင်နေတာအတော်ကြာပြီ။လွန်ဆွဲနေတဲ့သူ့ရဲ့စိတ်ကလည်းအခုချိန်ထိတိကျသေချာတဲ့အဖြေထွက်မလာဘူး။သူစဥ်းစားနေတာကသူကလေးကိုဖွင့်ပြောသင့်မပြောသင့်ဆိုတာဘဲ။ဖွင့်ပြောရင်ရောကလေးကလက်ခံပါ့မလား။ဖွင့်ပြောပြီးမှအငြင်းခံရရင်ရောသူခံနိုင်ရည်ရှိပါ့မလား။ဖွင့်မပြောဘဲအခုလိုတိတ်တိတ်လေးချစ်နေရရင်ရောအဆင်ပြေပါ့မလား။
*ဟူးးးးး*
"boss..."
လင်းအာတံခါး၀ကနေသူ့bossကိုကြည့်နေတာကြာပေါ့။စာရင်းစာအုပ်တစ်ချို့လာတင်ဖို့တံခါးကိုခေါက်နေတာလည်းအတော်ကြာပြီ။တော်တော်ကြာသည်အထိအထဲကအသံမကြားတာကြောင့်သူမကိုယ်တိုင်ဘဲဖွင့်၀င်လာခဲ့သည်။တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာကစိတ်လွှတ်နေသူတစ်ဦးကဲ့သို့အတွေးသံသရာထဲနစ်မျောနေသောရှောင်းကျန့်။သူမခေါ်သံကြားမှ....
"Aw.....လင်းအာ"
"ဟုတ်boss...လင်းအာတံခါးခေါက်ပါသေးတယ်...ဘာသံမှမကြားလို့လင်းအာ၀င်လာခဲ့တာစိတ်မဆိုးပါနဲ့boss"
"အာ....ရပါတယ်....ငါအတွေးလွန်သွားတာနေမှာ...စာရင်းလာတင်တာမလား ထားခဲ့လေ"
"ဟုတ်ကဲ့ပါ"
လင်းအာစာရင်းfileတွေကိုစာပွဲပေါ်တင်ပြီးပြန်ထွက်မယ်အလုပ်ရှောင်းကျန့်လှမ်းခေါ်လိုက်သည်။သူကိုယ်တိုင်ဆုံးဖြတ်ရခက်တဲ့အရာကိုတစ်ခြားသူတစ်ယောက်ရဲ့အမြင်ကဆုံးဖြတ်ပေးချင်ပေးနိုင်လိမ့်မည်ဟုသူထင်မိသည်။
"လင်းအာ..."
"ဟုတ်boss....လင်းအာဘာလုပ်ပေးရမလဲ"
"ဟို...ဟိုငါမင်းကိုနည်းနည်းလောက်မေးချင်လို့ခဏလာထိုင်လို့ရမလား"
အမိန့်ပေးသံမဟုတ်။တောင်းဆိုသံတစ်ခုသာ။လင်းအာBossရှေ့မျက်နှာချင်းဆိုင်ကခုံမှာ၀င်ထိုင်လိုက်ပြီးးး
"ဘာများလည်းboss.."
"အင်းးးလူတစ်ယောက်နှစ်နှစ်ကာကာချစ်မိရင်ဘာလုပ်သင့်လဲ"
"ဖွင့်ပြောလိုက်ပါBoss"
"ငါလည်းအဲ့လိုလုပ်ဖို့တွေးကြည့်ဖူးပါတယ်...ဒါပေမယ့်ငါဖွင့်ပြောလိုက်လို့သူ့ဘက်ကငြင်းလိုက်ရင်ငါခံနိုင်ရည်ရှိမယ်မထင်ဘူး"