Waiting For You(Part-4)

607 38 0
                                    

Waiting For You
Part-4

ရှောင်းကျန့်စိတ်ညစ်ညစ်နှင့်တစ်နေကုန်လျှောက်သွားပြီးည၇နာရီလောက်မှအိမ်ပြန်ရောက်လာသည်။တစ်ကိုယ်တည်းသမားသူ့အတွက်အိမ်ပြန်ရောက်လို့ကြိုဆိုနေမယ့်သူမရှိသလိုအိမ်ပြန်နောက်ကျလို့ဆူမယ့်သူလည်းမရှိ။နာကျင်နေတဲ့နှလံားသားကိုဥပေက္ခာပြုပြီးရှောင့်ကျန့်ခြေလှမ်းတို့ကရေချိုးခန်းဆီသို့....

ရေချိုးခန်းထဲကတစ်ဖွဲဖွဲကျနေသောရေများအကြားထိုင်ကာရင်ဘတ်ထဲကအပူတွေကိုဆေးချနေမိသည်။ရေပန်းအောက်ထိုင်နေရင်းရှောင်းကျန့်နားထဲYiboပြောခဲ့သောစကားလုံးတို့အားအထပ်ထပ်ကြားယောင်ရင်းထိုလူသားနှင့်ပတ်သတ်လျှင်ခံနိုင်ရည်မရှိသောနှလုံးသားကထပ်မံနာကျင်ရပြန်သည်။

"ကိုယ့်နေရာကိုယ်နေ....သူများမိသားစုကြား၀င်မပါနဲ့"

"ကိုယ့်နေရာကိုယ်နေ....သူများမိသားစုကြား၀င်မပါနဲ့"

ပြောရက်လိုက်တာကလေးရယ်။ကိုယ်ကကလေးကိုကာကွယ်ပေးချင်ရုံပါ။ဟုတ်ပါတယ်။ကိုယ်ကကိုယ့်နေရာကိုယ်မသိဘဲချစ်သူရှိတဲ့သူတစ်ယောက်ဆီကတုံ့ပြန်မေတ္တာတွေကိုမျှော်လင့်နေမိတာ။ကိုယ့်အချစ်တွေကိုဘဲမမြင်မိတာလားမသိချင်ယောင်ဘဲဆောင်နေတာလားမသိတော့ဘူး။ကိုယ်နဲ့ပတ်သတ်ပြီးကလေးစိတ်ထဲဘယ်လိုအမှတ်တရ၊ဘယ်လိုခံစားချက်မျိုးမှရှိမနေခဲ့ဘူးဆိုတာကောဒီနေ့သိလိုက်ရပါပြီ။အချိန်တွေအကြာကြီးတွယ်ငြိခဲ့တဲ့သံယောဇဥ်တွေကြောင့်ကောနဲ့ပတ်သတ်ပြီးကောဖွင့်မပြောခဲ့ရင်တောင်ကလေးအနေနဲ့ကောအချစ်တွေကိုမြင်နိုင်မယ်လို့ထင်ခဲ့မိတယ်။တကယ်တော့လည်းဒါတွေအားလုံးဟာကောရဲ့တစ်ဖက်သတ်စိတ်ကူးယဥ်မျှော်လင့်ချက်တွေပါဘဲ။ဘယ်အချိန်ကစပြီးအတွေးတွေကမှားယွင်းနေခဲ့သလဲဆိုတာကောကိုယ်တိုင်တောင်မသိတော့ဘူး။

"သားYibo....ကလေးမအိပ်ပြီလား"

"ဟုတ်မားးး"

"ခဏလာထိုင်ဦးးးးမားသားကိုပြောစရာရှိလို့စောင့်နေတာ"

"ဟုတ်မားးး"

"ညနေကသားကျန့်အပေါ်ပြုမူလိုက်တဲ့လုပ်ရပ်တွေကမှားနေတယ်လို့သားမထင်ဘူးလား"

"သားမှားမှန်းသိပါတယ်.....သားလည်းစိတ်မကောင်းဖြစ်ရပါတယ်....ဒါပေမယ့်မားရယ်.....သားကိုကလေးဆန်တယ်ပြောချင်ပြော.....သားယုံကြည်အားကိုးတဲ့သူကသားကိုအရေးမထားသလိုခံစားရလို့သားပြောမိသွားတာပါ"

"တကယ်တော့....သားကျန့်က....သားဆီအချိန်မီလာခဲ့တယ်....သားဆီလာနေရင်းလမ်းမှာကားမတော်တဆမှုတစ်ခုကြောင့်ကားလမ်းပိတ်ပြီးကားတွေသွားမရလို့သူခြေလျင်ပြေးလာခဲ့တာ.....သားကျန့်ကသားနဲ့ပတ်သတ်ရင်အခုမှမဟုတ်ဘူးးးးးငယ်ငယ်ထဲကအမြဲတမ်းသားကိုအလျော့ပေးပြီးအလေးထားတတ်တဲ့သူတစ်ယောက်ပါ....သားနဲ့ပတ်သတ်ရင်အသေးအဖွဲလေးကစသူဂရုစိုက်တာ"

"ဗျာ.....ကားမတော်တဆမှု"

"ဟုတ်တယ်.....သားးးးကိုယ့်ကိုတကယ်မလေးမထားတဲ့သူ၊စိတ်ထဲမရှိတဲ့သူကလူတစ်ဖက်သားအပေါ်ဒီလောက်အနစ်နာခံလုပ်ပေးမယ်ထင်လားးးသားစဥ်းစားကြည့်စမ်းးးးးငယ်ငယ်ထဲကသားလိုချင်တာသားဖြစ်ချင်တာမရတာရှိခဲ့ဖူးလားးးးးသားကျန့်ကိုသားအလျှော့ပေးခဲ့ဖူးလားးးးသူကဘဲအစစအရာရာအလျှော့ပေးခဲ့တာမဟုတ်လားးး"

မှားသွားပြီ။ကျွန်တော်အကြီးကြီးကိုမှားသွားတာ။နောက်ကျတယ်ဆိုတဲ့အ​ေကြာင်းပြချက်လေးတစ်ခုထဲနဲ့ကောစေတနာတွေအားလုံးကိုစော်ကားပစ်မိခဲ့တာ။မားရဲ့စကားတွေကကျွန်တော့ရဲ့အမှောင်ဖုံးနေတဲ့စိတ်ကိုအလင်းပြပေးလိုက်သလိုပါဘဲ။ကျွန်တော်ကကျွန်တော်ဖြစ်ချင်တာဘဲကြည့်ခဲ့တဲ့အတ္တသမားဘဲ။ကျွန်တော်စကားတွေကြောင့်ကောဘယ်လောက်နာကြင်ခံစားသွားရမလဲ။

"မားးးးသားကောဆီသွားလိုက်ဦးမယ်"

"ဟမ်.....မိုးချုပ်နေပြီလေသား....မနက်မှသွားလေ"

"ရတယ်မားးးသားကောကိုစိတ်ပူလို့.....ခဏဘဲသွားမှာပါမား"

"inn....သားကျန့်ကိုသေချာတောင်းပန်ခဲ့...ကားလည်းသေချာမောင်းဦး"

"ဟုတ်မားးးသွားပြီ"

အိမ်နံရံမှာချိတ်ထားတဲ့ကားသော့ကိုယူကာအိမ်ထဲကထွက်သွားတဲ့သားဖြစ်သူကိုကြည့်ကာ......

"ဘယ်ချိန်မှသားရဲ့နှလုံးသားကိုသားမြင်နိုင်မလဲ....အချိန်မလွန်ပါစေနဲ့သားရယ်....

TBC....................................
အိုးမိုးအိုးမိုးးးးကိုယ့်FICတွေစွရမ်းတွေပေါ့နေတယ်ဟုတ်😅😅😅😅လူလည်းဂေါက်ခါနီးပါပြီလို့😂SayTanရဲ့အကောင့်ခွဲပါနော် copyမဟုတ်ပါ

Waiting For YouWhere stories live. Discover now