Waiting For You
Part-17Yiboလှေကားထစ်များမှတစ် ရှိန်ထိုးပြေးဆင်းကာရှောင်းကျန့်အားဧည့်ခန်းထဲ၌သာထိုင်စောင့်နေလိုက်သည်။ကိုယ့်အပြစ်နှင့်ကိုယ်မို့ရှောင်းကျန့်ကိုအပြစ်တင်လို့လည်းမရ။သူကသွားစမိလိုက်သည်ကိုသာနောင်တရနေတော့သည်။စောစောကမြင်ကွင်းကိုပြန်မြင်မိပြန်တော့Yiboမျက်နှာရဲလာကာကြက်သီးများပင်ထလာသည်။
ရှောင်းကျန့်အ၀တ်စားလဲပြီးဆင်းလာပြီးသူ့ကိုထိုင်စောင့်နေသောYiboအနားသို့လျှောက်လာကာ....
"ကလေးးသွားမယ်လေ"
"အမလေးးးးမြွေ"
Yiboကိုယ့်အတွေးနှင့်ကိုမို့ရှောင်းကျန့်အသံကြားသည်နှင့်ပါးစပ်မှယောင်ကာအော်မိသွားသည်။
"ဟမ်....ဘာမြွေလဲကလေးး အာ ကလေးမျက်နှာလည်းနီရဲနေတာဘဲ ရာသီဥတုပူလို့လား"
ရှောင်းကျန့်သိတာပေါ့။စောစောကအခြေနေကြောင့်ဒီကလေးရှက်နေတယ်ဆိုတာ။တမင်စချင်လို့ကိုမေးလိုက်တာ။ရှောင်းကျန့်မေးလိုက်မှYiboမျက်နှာပိုရဲလာကာ...
"ရားးးးဘာမှမဟုတ်ဘူး ကောကရုတ်တရက်ဆိုတော့အော်မိသွားတာ ပြီးပြီးရင်သွားမယ်လေ ရှင်းယွဲ့စောင့်နေလိမ့်မယ်"
Yiboရှောင်းကျန့်ကိုပြောပြီးသည်နှင့်အိမ်ပြင်ထွက်လာကာကားပေါ်တက်ပြီးစောင့်နေလိုက်သည်။ရှောင်းကျန့်လည်းနောက်မှလိုက်လာကာ ကားစက်နှိုးပြီးသည်နှင့်ရှင်းယွဲ့ချိန်းသောဆိုင်သို့ထွက်လာခဲ့သည်။
ဆိုင်ထဲရောက်သည်နှင့်စာပွဲတစ်လုံး၌စားစရာအရံသင့်များနှင့်ထိုင်စောင့်နေသောရှင်းယွဲ့ကသူတို့နှစ်ယောက်အားပြုံးပြကာလှမ်းနှုတ်ဆက်လေသည်။
"ရောက်လာပြီလားးလာထိုင်ကြ ဒါကYiboကြိုက်တာတွေမှာပေးထားတာ ရှောင်းကျန့်ကောကဘာကြိုက်တတ်မှန်းမသိလို့"
ရှောင်းကျန့်စားပွဲပေါ်ထိုင်မလို့လုပ်ပြီးမှအတွေး၀င်လာကာ....
"ပြောစရာရှိတာပြောကြပါ ကျွန်တော်တစ်ခြား၀ိုင်းမှာဘဲထိုင်လိုက်ပါ့မယ် ကျွန်တော့်ကြောင့်မင်းတို့နှစ်ယောက်အနှောက်ယှက်ဖြစ်နေပါ့မယ်"