Waiting For You
Final Partထမင်းစားခါနီးကြားလိုက်ရသောလူခေါ်ဘဲလ်သံကြောင့်ရှောင်းကျန့်တံခါးသွားအဖွင့်.....
"ဟင်....ဦးနဲ့အန်တီ"
အထုတ်မျိုးစုံလက်ကဆွဲကာတံခါးရှေ့ရပ်နေသော၀မ်စုံတွဲ။
"အင်းးးကျုပ်တို့ကိုအထဲပေး၀င်ပါဦးးးဒါတွေဆွဲလာရတာလက်ပြုတ်တော့မယ်"
၀မ်မားကလက်ထဲမှအထုတ်တွေကိုမြှောက်ပြရင်း ပြောလာစဥ်၀မ်ပါးဆီမှ......
"မင်းကလည်းအခုမှကားပေါ်ကယူလာပြီးခဏလေးဆွဲရတာကို"
"ရှင့်ပါးစပ်ပိတ်ထား"
ပိတ်သွားပြီ။၀မ်ပါးတို့ကတော့၀မ်မားစကားတစ်ခွန်းသာ။
"ဟုတ်ဟုတ်...
၀င်ပါဦးနဲ့အန်တီ"ထိုစဥ်ထမင်းစားပွဲပေါ်မှဟင်းနှိုက်မြည်းနေသောYiboမှာတော့....
"ကောကလည်းကြာလိုက်တာ....ဘယ်သူလာလို့၃"
ထမင်းစားပွဲမှထကာရှောင်းကျန့်နောက်လိုက်ရန်ပြင်နေသောYibo စားပွဲမှထတုန်းရှိသေးအထုတ်ဆွဲကာ၀င်ချလာသော၀မ်မားကြောင့်.....
"အယ်....မားး အာ ပါးလည်းပါတာကိုးး"
"ဟုတ်တယ်ဟေ့....ငါ့အိမ်ကသားတော်မောင်ကမကြိုက်ဘူးမကြိုက်ဘူးနဲ့ အခုတော့လူပါပျောက်သွားလို့ငါတို့လိုက်လာရတာ"
"အာမားကလည်းးး"
၀မ်မားစကားကြောင့်မိမိဂုတ်အားလက်ဖြင့်ပွတ်ကာအရှက်သည်းနေသောYiboရယ်ပါ။
"အမလေးးးခုမှရှက်မနေပါနဲ့ ဟွန်းးးပြောမပြောချင်ဘူး"
"မပြောချင်လည်းပြောမနေပါနဲ့မိန်းမရယ်"
"ရှင်၀င်ပါပြန်ပြီ"
"ဟဲဟဲ မိန်းမကလည်း"
"ခှီးးးဟီးးး"
မကြီးမငယ်သူတစ်ခွန်းကိုယ်တစ်ခွန်းငြင်းနေသော၀မ်စုံတွဲအားကြည့်ကာရှောင်းကျန့်ရောYiboပါမတိုင်ပင်ထပါဘဲနှင့်ပြိုင်တူရယ်မိကြသည်။ထိုအကျိုးဆက်ကတော့၀မ်ပါးဆီသို့ကျရောက်နေသော၀မ်မား၏နဂါးမျက်စောင်းကသူတို့အပေါ်သိူ့ကျရောက်လာခြင်းပင်။