Waiting For You
Part-16"ဘုတ်"
မနက်အာရုဏ်တက်ချိန်တွင်အိပ်ပျော်နေသောရှောင်းကျန့်တစ်ယောက်အအိပ်လွန်ကာSofaပေါ်မှပြုတ်ကျလေတော့သည်။ဒါတောင်ဆရာသမားကမနိုးသေးဘဲကြမ်းပြင်ပေါ်တွင်ဆက်အိပ်နေသေးသည်။အချိန်ကြည့်တော့၆နာရီခွဲ။
မနက်စာပြင်ကာရှောင်းကျန့်အားနှိုးရန်ထွက်လာသောYiboတစ်ယောက်ကြမ်းပြင်ပေါ်အိပ်ပျော်နေသောရှောင်းကျန့်ကြောင့်ရယ်ရခက်ငိုရခက်ဖြစ်သွားလေသည်။
ရပ်ကြည့်နေရင်းကမကြည့်ရက်တော့တောမို့အနားသွားကာအိပ်ပျော်နေသောရှောင်းကျန့်အားနှိုးရန်ပြင်လိုက်သည်။
"ကော....ကောထတော့...companyသွားရဦးမယ်လေ"
"ဟမ်အမ်း မသွားဘူးကွာ အစောကြီးရှိသေးတယ် အိပ်ဦးမှာ"
"ဘာ ကောရေ၆နာရီခွဲကျော်လို့၇နာရီထိုးတော့မယ်ဗျ ထပါတော့"
Yiboတစ်ယောက်ရှောင်းကျန့်နားနားကပ်ကာအကျယ်ကြီးအော်ပြောလိုက်တော့မှရုတ်တရက်ထထိုင်တဲ့ရှောင်းကျန့်ကြောင့်ရှောင်းကျန့်နဖူးနှင့်Yiboနဖူးမိတ်ဆက်သွားရသည်။တိုက်မိသည့်အရှိန်ကမသေးတာမို့၂ယောက်စလုံးရဲ့ခေါင်းထဲ၌ကြယ်တွေလတွေပါမြင်သွားရသည်။
နာကျင်သွားသောနဖူးကိုပွတ်ရင်းရှောင်းကျန့်မျက်လုံးဖွင့်ကြည့်မိတော့သူ့နည်းသူကိုယ့်နဖူးကို
လက်နဲ့အုပ်ကာရှုံ့မဲ့နေသောYiboအားတွေ့လိုက်ရသည်။*ငါ့ကိုအိမ်ပြန်ခေါ်ခဲ့တာကလေးပေါ့...ရားးးကလေးးကငါ့ကိုဂရုစိုက်တယ်ပေါ့....အိပ်မက်လားးအိပ်မက်လည်းမဟုတ်လောက်ဘူးးးငါ့နဖူးတကယ်နာသွားတာ*
ရှောင်းကျန့်ကိုယ်နဖူးမှနာကျင်မှုကိုပင်သတိမရတော့ဘဲနဖူးပေါ်အုပ်ထားသောYiboလက်ကိုဆွဲဖယ်လိုက်တော့ ဖြူဖွေးသောအသားအရေပေါ်တွင်စောင့်မိသောအရှိန်ကြောင့်ရဲနေလေသည်။
"ကလေးးးအရမ်းနာနေလားးးလာလာကောကြက်ထုပ်ထိုးပေးမယ်....ခုံပေါ်ထိုင်လိုက်"
"ဖယ် လွှတ် မေးတတ်တယ်ကောက နာရုံမကဘူးးကြယ်တွေလတွေပါမြင်သွားတယ်"